ယိုးဒယား ဝက်ခြောက်စပ်ကြော်

1

ယိုးဒယား ဝက်ခြောက်စပ်ကြော်

ယိုးဒယား ပေ့ချ်တခုက လုပ်ထားတာတွေ့လို့ စားချင်လို့ချက်ချင်းထလုပ်လိုက်တယ်။ လုပ်စားရလဲလွယ်တယ်။ စားလို့လဲအရမ်းကောင်းတယ်။ လူကြီးကော ကလေးပါကြိုက်မည့် ဝက်ခြောက်စပ်ကြော်ပါ။ အစပ်မကြိုက်ရင် ငရုတ်သီးမှုန့်နေရာမှာ အရောင်တင်မှုန့်ကိုအစားထိုးလို့ရပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ဝက်သား (pork)- ၂၅ ကျပ်သား (သို့) ၁ ပေါင်
၂။ သကြား (sugar)- လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၃။ ငရုတ်သီးမှုန့် (အရောင်တင်အစပ်မှုန့်)(chili powder) - ထမင်းစားဇွန်း ၁ ဇွန်း (အစပ်မကြိုက်လျှင် မစပ်သော အရောင်တင်မှုန့်ကိုအစားထိုးပါ။)
၄။ ငါးငံပြာရည် (fish sauce)- ထမင်းစားဇွန်း ၁ ဇွန်းခွဲ
၅။ ရှာလကာရည် (vinegar)- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၆။ ခရုဆီ (oyster sauce)- ထမင်းစားဇွန်း ၁ ဇွန်း
၇။ ဆန်လှော်မှုန့် (မုန့်ဟင်းခါးထဲထည့်သောအမှုန့်)(roasted rice flour) - ထမင်းစားဇွန်း ၂ ဇွန်း
၈။ ကြော်ရန်ဆီ
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ဝက်သားကို သန့်စင်ပြီး အချောင်းလေးတွေလှီးရျ် ခြောက်အောင်လုပ်ထားပါ။
၂။ ဇလုံထဲကို ဝက်သားထည့်၊ သကြား၊ ငရုတ်သီးမှုန့်(အရောင်တင်အစပ်မှုန့်)၊ ငါးငံပြာရည်၊ ရှာလကာရည်၊ ခရုဆီတို့ကိုထည့်နယ်ပြီး ၁ နာရီလောက်နှပ်ထားပါ။
၃။ နှပ်ပြီး ကြော်ခါနီးတွင် ဆန်လှော်မှုန့်ထည့်နယ်ပါ။ ထို့နောက် ဆီပူပူထဲကို ထည့်ရျ် ကြော်ပါ။
၄။ ကြွပ်လာလျှင် ဆီအိုးထဲမှဆယ်ရျ် ဆီစစ်ထားပါ။ ကောက်ညှင်းပေါင်းနှင့် တွဲရျ် သုံးဆောင်လျှင်လဲကောင်းပါတယ်။ သုံးဆောင်နိုင်ပါပြီရှင်။

Crd.EiSan See less

Credit : Facebook Shares

Ingredients

Directions