ခရမ်းသီးကြက်သားလုံးကြော်

1

ခရမ်းသီးကြက်သားလုံးကြော်

ကြက်သားလုံးကြော်ကို ခရမ်းသီးထည့်ထားကြောင့် သကြား(သို့)အချိုမှုန့်မလိုပဲ ခရမ်းသီးအနံမွှေးမွှေးလေးနဲ့စားကောင်းတဲ့အသားလုံးကြော်လေးပါ။

ပါဝင်သောပစ္စည်းများ
၁။ တောက်တောက်စင်းထားသော ကြက်သား - ၂၅ ကျပ်သား (သို့) ၁ ပေါင်
၂။ ခရမ်းသီး အနေတော်အရွယ် - ၁ လုံး
၃။ ယိုးဒယားငံပြာရည် (သို့) မြန်မာငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၄။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၅။ ကြက်သွန်ဖြူ - ၂တက် (ညက်ညက်ထောင်း)
၆။ အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း တ ဝက်
၇။ ငရုတ်ကောင်းမှုန့်- လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၈။ အကြော်မှုန့်- ထမင်းစားဇွန်း ၂ ဇွန်း မောက်မောက်

ပြုလုပ်နည်း
၁။ ခရမ်းသီးကို မီးဖုတ်ပါ။ (သို့)ရေခမ်းပြုတ်ပါ။ (၁၅ မိနစ်ခန့်)
၂။ ပျော့နေသောခရမ်းသီးများကို တောက်တောက်စင်းထားပါ။ အရည်များထွက်လာလျှင် ဖယ်ပစ်ပါ။
၃။ ဇလုံတခုထဲတွင် တောက်တောက်စင်းထားသော ခရမ်းသီး၊ ကြက်သား၊ ငံပြာရည်၊ ကြက်သားမှုန့်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်၊ အရောင်တင်မှုန့်တို့ကို ရောရျ် သမအောင်နယ်ပါ။
၄။ ထို့နောက် အကြော်မှုန့်ကို ထည့်နယ်ပါ။
၅။ ဒယ်အိုးထဲတွင် ဆီကို ထည့်ရျ် ဆီပူလာလျှင် အသားကို လက်ဖက်ရည်ဇွန်း ဖြင့်တ ဇွန်းဆီခပ်ရျ် ဆီပူထဲထည့်ကြော်ပါ။ (အသားအနှစ်များသည် အိအိလေးဖြစ်နေတာကြောင့် အလုံးလုံးရျ် မရပါ။)
၆။ အသား အလုံး ၂ ဖက်လုံး ညို လာလျှင် ဆီစစ်ရျ် သုံးဆောင်နိုင်ပါပြီ။

(ထမင်းစားဇွန်း = 1 tablespoon = 15 ml) ( လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

Crd.eisan See less

Credit : Facebook Shares

Ingredients

Directions