ဝက်နံရိုးကြော်ဆိမ့်ဆိမ့်မွှေးမွှေးလေး

1

ဝက်နံရိုးကြော်ဆိမ့်ဆိမ့်မွှေးမွှေးလေး

ဝက်နံရိုးကိုအမျိုးမျိုးကြော်နည်းရှိတဲ့အထဲကမှ ဒီနည်းလေးကလဲ အလွန်စားလို့ကောင်းတဲ့တနည်းဖြစ်ပါတယ်။ ဝက်နံရိုးကို သီဟိုဌ်စေ့အမှုန့်နဲ့လူးပြီးကြော်ထားတာကြောင့်ဆိမ့်နေအောင်ကိုကောင်းပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ဝက်နံရိုး - ၄၀ ကျပ်သား (၁ ပေါင် ၁၀ အောင်စခန့်)
၂။ အရောင်တင်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
၃။ သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်း
၄။ ငါးငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း
၅။ ခရုဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၆။ ရှာလကာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ ညက်နေအောင်ထောင်းထားသော Top သီဟိုဌ်စေ့အမှုန့် - ထမင်းစားဇွန်း ၅ ဇွန်း
၈။ ဘိန်းစေ့ - ထမင်းစားဇွန်း ၁ ဇွန်း (မထည့်လဲရ)
၉။ ကြော်ရန်ဆီများများ
(၁ ခွက် = 240ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ဝက်နံရိုးကို သန့်စင်ပြီး သကြား၊ အရောင်တင်မှုန့်၊ ငါးငံပြာရည်၊ ခရုဆီ၊ ရှာလကာရည်တို့ဖြင့်နယ်ရျ် အနည်းဆုံး ၁ နာရီခန့််နှပ်ထားပါ။
၂။ ကြော်ခါနီးတွင် ညက်နေအောင်ထောင်းထားသော Top သီဟိုဌ်စေ့အမှုန့်နှင့် ဘိန်းစေ့တို့ကိုထည့်ရျ် သမအောင်နယ်ပြီး ပူနေသော ဆီများများထဲထည့်ကြော်ပါ။ (ဝက်နံရိုးအသားများအိအိလေးရဖို့အတွက်ဆိုရင် ဝက်နံရိုးများကို ဆီမြှုပ်အောင်ထည့်ကြော်ပါ။)
၃။ ကြွပ်လာလျှင် ဆီအိုးထဲမှဆယ်ရျ် ဆီစစ်ထားပါ။
၄။ မွှေးကြိုင်နေပြီး အလွန်စားကောင်းသော ဝက်နံရိုးကြော်ကိုသုံးဆောင်နိုင်ပါပြီရှင်။

Crd.EiSan See less

Credit : Facebook Shares

Ingredients

Directions