မျှစ်စပ်ထောင်း

1

မျှစ်စပ်ထောင်း
မျှစ်စပ်ထောင်း အတွက် လိုအပ်တာလေးတွေ…

မျှစ်ဝါ – 280 g (1 1/2 cups ခန့်)
၄ စိတ်ကွဲလှီးထားသော ဂေါက်သီးအရွယ် ကြက်သွန်နီ – တစ်ခြမ်း
ပါးပါးလှီးထားသော ကြက်သွန်ဖြူ အမွှာကြီး – ၆ မွှာ
ငရုတ်သီးစိမ်း – ၁၀ တောင့်
ဖုတ်ထားသော (သို့) ထဲ ၃၀ စက္ကန့်ခန့် ထည့်ထားသော စိမ်းစားငပိ – ထမင်းစားဇွန်း ၁ ဇွန်း
ပုဇွန်ခြောက်မှုန့် – ထမင်းစားဇွန်း ၂ ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငါးငံပြာရည် – ထမင်းစားဇွန်း ၂ ဇွန်း
သံပုရာရည် – ထမင်းစားဇွန်း ၂ ဇွန်း
၆ စိတ်ကွဲလှီးထားသော ဂေါက်သီးအရွယ် ခရမ်းချဉ်သီး – ၁ လုံး
လှီးထားသော ကြက်သွန်ပင် – ထမင်းစားဇွန်း ၂ ဇွန်းခန့်
ရှောက်ရွက် (သို့) ပူစီနံ – အနည်းငယ်

မျှစ်ဝါကို ရေဆူဆူထဲ ၁၀ မိနစ်ခန့် ထည့်ပြုတ်ပြီး ရေစစ်ကာ ပါးပါးသေးသေးအချောင်းလေးများ လှီးထားပါ။
ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်းတို့ကို အနံ့မွှေးအောင် အိုးပူတိုက်လှော်ထားပါ။

DSC00565 (2)

အနည်းငယ်မီးကျွမ်းအောင် လှော်ထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ၊ငရုတ်သီးစိမ်းတို့ကို ဆုံထဲထည့်ပြီး ခပ်ကြမ်းကြမ်းထောင်းပေးပါ။ ( ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ၊ငရုတ်သီးစိမ်း ဖတ်များအရမ်းမကြေရင် ပိုစားလို့ကောင်းပါတယ်။)

DSC00559 (3)

စိမ်းစားငပိ၊ ပုဇွန်ခြောက်မှုန့်၊ သကြား တို့ကို ထည့်ကာ မိနစ်ဝက်ခန့် ဆက်ထောင်းပေးပါ။
ငါးငံပြာရည်၊ သံပုရာရည် နှင့် ခရမ်းချဉ်သီးတို့ကို ထည့်ကာ ငရုတ်ကျဉ်ပွေ့ဖြင့် ခပ်ဖွဖွဖိကာမွှေရောပါ။

DSC00561 (3)

ကြက်သွန်ပင် နှင့် မျှစ်ထည့်၍ ခပ်ဖွဖွထောင်းကာ မွှေရောပြီးလျှင်တော့ ရှူးရှူးရှဲရှဲဖြစ်အောင်စပ်ပြီး၊ စားကောင်းလှသော မျှစ်စပ်ထောင်းကို ရှောက်ရွက် (သို့) ပူစီနံလေးဖြူးကာ အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

Crd.Chawsu See less

Credit : Facebook Shares

Ingredients

Directions