ပုဇွန် နှင့် ခရမ်းကဆော့သီး ငပိထောင်း ချဉ်စပ်

1

ကျွန်မ သိသလောက်ကတော့ ခရမ်းကဆော့သီးက အချိုသီး နဲ့ အခါးသီး ၂ မျိုးရှိပါတယ်။ အခါးသီးတွေက အတော်လေးခါးပြီး၊ အသီးအရွယ်ကလည်းပိုငယ်ပါတယ်။ ကျွန်မအခုသုံးတဲ့ အသီးက အချိုသီးပါ၊ အခါးဓါတ်လုံးဝမပါပါဘူး။
ပုဇွန် နှင့် ခရမ်းကဆော့သီး ငပိထောင်းချဉ်စပ် အတွက် လိုအပ်တာလေးတွေ…

ကြက်သွန်ဖြူ အတက်ကြီး – ၃ တက်
ငရုတ်သီးစိမ်း – ၉ တောင့်ခန့် (သို့) စားနိူင်သလောက်
သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကင်ထားသော (သို့) microwave ထဲ စက္ကန့် ၃၀ ခန်.ထည့်ထားသောစိမ်းစားငပိ – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
ကြက်သွန်နီ အလုံးသေး – တစ်ခြမ်း
microwave ထဲ ၁ မိနစ်ခန်. ထည့်ကာ ကျက်အောင်လုပ်ထားသော လက်ညှိုးအရွယ် ပုဇွန် – ၅ ကောင်
၂ ခြမ်းစီခွဲထားသော ခရမ်းကစော့သီး – ၄၅ လုံးခန့်
ပူစီနံ (mint) – အနည်းငယ်
သံပုရာရည် – ထမင်းစားဇွန်း ၃ ဇွန်းခွဲ
ငါးငံပြာရည် – ထမင်းစားဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ သကြား နှင့် ငပိကို ထောင်းပြီးလျှင် ကြက်သွန်နီ နှင့် ပုဇွန်ကိုထည့်ထောင်းပေးပါ။

ပုဇွန် နှင့် ကြက်သွန်နီ အနည်းငယ်ကြေသွားလျှင် ခရမ်းကဆော့သီးထည့်ကာ အရမ်းမကြေအောင်ထောင်းပေးပါ။

ပူစီနံထည့်ကာ အရမ်းမကြေအောင်ထောင်းပြီးလျှင် ပန်းကန်လုံးတစ်ခုထဲ ခပ်ထည့်ပါ။
ပြီးလျှင် သံပုရာရည် နှင့် ငါးငံပြာရည်တို့ ထည့်ကာ နှံ့အောင်မွှေပြီးလျှင် ပုဇွန် နှင့် ခရမ်းကဆော့သီး ငပိထောင်း ချဉ်စပ်ကို ဝက်သားမျှစ်ချဉ်ဟင်း၊ ငါးကြင်းကြော်၊ ကန်ဇွန်းရွက်သုပ်၊ ကောက်ညင်းခွက်ကြော် တို့နှင့် တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

Crd.chawsu See less

Credit : Facebook Shares

Ingredients

Directions