ရွှေပဲရွက် နှင့် မှိုစပ်ထောင်း

1

ရွှေပဲရွက် နှင့် မှိုစပ်ထောင်း
ရွှေပဲရွက် နှင့် မှိုစပ်ထောင်း အတွက် လိုအပ်တာလေးတွေ…

ကြက်သွန်ဖြူ အတက်ကြီး – ၃ တက်
ငရုတ်သီးစိမ်း – ၇ တောင့် (သို့) စားနိူင်သလောက်
သကြား – လက်ဖက်ရည်ဇွန်း တစ်ဝက်
ငါးငံပြာရည် – ထမင်းစားဇွန်း ၃ ဇွန်း
သံပုရာရည် – ထမင်းစားဇွန်း ၃ ဇွန်း
လှီးထားသည့် အရမ်းမမှည့်သော ခရမ်းချဉ်သီးအလုံးကြီး – တစ်ခြမ်း (1/3 cup (80 ml)ခန့်)
ပုဇွန်ခြောက်မှုန့် – ထမင်းစားဇွန်း ၂ ဇွန်း
baby king oyster mushroom (သို့) နှစ်သက်ရာ မှို – 300 g
ရွှေပဲရွက် (သို့) ကန်ဇွန်းရွက် – 1 cup (250 ml)ခန့် (အစိမ်းစားမှာဖြစ်၍ သေသေချာချာဆေးပါ)
၁ လက်မအရှည်ခန့်လှီးထားသော နံနံပင် – 1/2 cup (125 ml)ခန့်

ရေဆေးထားသောမှိုကို ပွက်ပွက်ဆူနေသော ရေထဲထည့်ပြီး မှိုအမျိုးအစားပေါ်မူတည်၍ ၁ မိနစ်ခွဲ နှင့် ၂ မိနစ်ကြား အိုးမဖုံးပဲ ပျော့ယုံ ပြုတ်ပါ။
ပြီးသည်နှင့် ချက်ချင်း ရေအေးလောင်းပါ။ အေးသွားလျှင် ဆယ်ထုတ်ရေစစ်ထားပါ။

ကြက်သွန်ဖြူ။ ငရုတ်သီးစိမ်း နှင့် သကြားတို့ကို ဆုံထဲထည့်ပြီး အတော်လေးညက်အောင် ထောင်းပါ။
ငါးငံပြာရည်၊ သံပုရာရည် နှင့် ခရမ်းချဉ်သီးတို့ ထည့်ကာ အရသာဝင်ရုံ အနည်းငယ်ထောင်းပါ။ (ကြေဖို့၊ ညက်ဖို့ မလိုပါ။)

ပုဇွန်ခြောက်မှုန့် နှင့် မှိုထည့်ကာ ဇွန်း (သို့) spatual ကိုပါ တွဲသုံး၍ အရသာ နှင့် အဖတ်များ ရောနှောသွားအောင် အထက်အောက်လှန်ပြီးမွှေရောကာ ခပ်ဖွဖွထောင်းပါ။ (အဖတ်များ ကြေညက်သွားအောင် ထောင်းရန်မလိုပါ။)

ရွှေပဲရွက် နှင့် နံနံပင်ထည့်ကာ အရွက်များ အရမ်းမနွှမ်းအောင် ခပ်ဖွဖွထောင်းကာ ဇွန်းဖြင့်မွှေရောပြီးလျှင် အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Crd.chawsu See less

Credit : Facebook Shares

Ingredients

Directions