အင်ဒိုနီးရှားငါးပိထောင်းကြော်

1

အင်ဒိုနီးရှားငါးပိထောင်းကြော်
Sambal Belacan Goreng

ငပိထောင်းကိုနေရာဒေသအလိုက်ပုံစံအမျိုးမျိုးပြုလုပ်ကြတဲ့ထဲကမလေးရှားအင်ဒိုနီးရှားတွင်စားလေ့ရှိတဲ့ငပိထောင်းလုပ်နည်းလေးမျှဝေပေးချင်ပါတယ်။ဒီငပိထောင်းလေးကိုအင်ဒိုနီးရှားအလည်ရောက်တုန်းအခါခါစားခဲ့ဖူးပြီးမမေ့နိုင်တဲ့အရသာသစ်နဲ့ငပိထောင်းပုံစံတမျိုးဖြစ်ပါတယ်။အင်ဒိုနီးရှားမှာအိမ်ရှင်ကိုအားမနာတမ်းအကြိမ်ထပ်လုပ်ခိုင်းခဲ့တဲ့ငပိထောင်းလည်းဖြစ်ပါတယ်။အရသာသစ်နဲ့လျှာလည်သွားစေမဲ့ငပိထောင်းလုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း

ငရုပ်သီးအပွအနီတောင့် - ၅တောင့်
ခရမ်းချဉ်သီး - ၃လုံး
ကြက်သွန်နီအသေး- ၅လုံး
ကြက်သွန်ဖြူ - ၄မြောင်း
ငရုပ်သီးစိမ်း/နီအစပ် - ၁၀တောင့်
ပုဇွန်ငါးပိ - ၃ဇွန်း စားပွဲဇွန်း
သကြား - ၂ဇွန်း
ဆား - အနည်းငယ်
သံပုရာသီး- ၂လုံး
ဆီ - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ

(၁)ဦးစွာပါဝင်ပစ္စည်းများအားလုံးကိုရေဆေးသန့်စင်ပြီးအတုံးငယ်လေးများလှီးဖြတ်ထားပါ။
(၂)ဒယ်အိုးတခုကိုအပူပေးပြီးဆီအနည်းငယ်ဖြင့်ငါးပိကိုကြော်ပြီးဘေးဖယ်ထားပါ။
(၃)အိုးထဲတွင်ဆီအနည်းငယ်ထပ်ထည့်ပြီးကြက်သွန်ခရမ်းချဉ်သီးငရုပ်သီးလှီးဖြတ်ထားသည်တို့ကိုထည့်ပြီးအနည်းငယ်နွမ်းအောင်ဆီသပ်ပါ။
(၄)အနည်းငယ်နွမ်းပြီးဆီသပ်နံ့မွေးလာပါကမီးဖိုမှချပါ။
(၅)ကြော်ထားပြီးသားငါးပိနှင့်ဆီသပ်ထားသည်တို့ကိုငရုတ်ဆုံတွင်ထည့်ပြီးဖိချေပေးထောင်းပေးပါ။စက်ဖြင့်လည်းကြိတ်နိုင်ပါတယ်။
(၆)အတော်အသင့်ကြေညက်ပါကသကြားနှင့်သံပုရာရည်ထည့်ပါ။(၇)သမအောင်မွေပြီးအရသာအပေါ့အငံမြည်းပါ။
(၈)ကြိတ်ပြီးသားငါးပိထောင်းကိုဆီအနည်းငယ်ဖြင့်ဆီပြန်လာအောင်ချက်ပါ။လိုအပ်ပါကဆားအနည်းငယ်ထည့်ပေးပြီးနှစ်သက်ရာကြက်ကြော်ထမင်းဖြူသီးနှံတို့စရာတို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။

Crd.
Sofia See less

Credit : Facebook Shares

Ingredients

Directions