ပင်စိမ်းသီး (မက်ခေါက်သီး)ထောင်း

1

ပင်စိမ်းသီး (မက်ခေါက်သီး)ထောင်း

မွေးရပ်ဇာတိ တောင်ကြီးမှာနေစဉ်ကတည်းက
အရမ်းကြိုက်ခဲ့ရတဲ့ သရေစာလေးပါ။

ချဉ်ဖန်တဲ့ ပင်စိမ်းသီးက အမျိုးသမီးများ သွေးသားနှင့်ပတ်သက်ကာ ချုပ်တတ်သည့်အတွက် ကျွန်မတို့ ငယ်ငယ်က မစားရဟု အိမ်ကတားမြစ်ထားသော စားစရာတွေထဲမှာ ပါပါတယ်။

ထုံးစံအတိုင်းမစားရဟုဆိုထားသည့်အတွက် ပိုကောင်းသည်ထင်ကာ ကျောင်းရောက်သည်နှင့် ပဲပုတ် (သို့) စိမ်စားငပိဖြင့်ထောင်းထားသော၊ သုပ်ထားသော ပင်စိမ်းသီးထောင်း၊ ပင်စိမ်းသီးသုပ်များ၊ အထုတ်လေးများကို အပြေးအလွှား ဝယ်စားခဲ့ဖူးပါတယ်။

ပုံပါအထုတ်များဖြင့် မထောင်းပဲ အသီးစိမ်းကို ထောင်းမည်ဆိုပါက အဖန်ဓါတ်၊ အချုပ်ဓါတ်လျော့အောင် ပထမဦးစွာ အခွံခွါထောင်းကာ အရည်ညစ်ထုတ်ပြီးမှ ကျန်ပါဝင်ပစ္စည်များဖြင့် ရောထောင်းပေးပါ။ (သို့) ရေဖြင့်ပြုတ်ပြီးမှ ထောင်းပါ။
ပင်စိမ်းသီးထောင်း အတွက် လိုအပ်တာလေးတွေ…

ပဲပုတ် – 1/4 cup (60 ml)ခန့်
ကြက်သွန်ဖြူ အတက်ကြီး – ၃ တက်
ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်
ငရုတ်သီးစိမ်း – ၈ တောင့် (သို့) အစပ်ကြိုက်လျှင် ပိုထည့်ပါ
လှီးထားသော ပင်စိမ်းသီး – 2 cups (500 ml)ခန့်

ပဲပုတ်ကို မီးကင်ပါ (သို့) ပန်းကန်ထဲထည့်ပြီး paper towel ဖြင့် ဖုံး၍ microwave ထဲထည့်ကာ တစ်ဖက်ကို ၁ မိနစ်စီဖြင့် ၂ မိနစ်ခန့် အပူပေးပါ။

(microwave နှင့် ပဲပုတ် အထူအပါးပေါ်မူတည်ပြီး အချိန် အတိုးအလျှော့ ရှိပါတယ်။)

DSC06765

ကြက်သွန်ဖြူ ၊ ဆား နှင့် ငရုတ်သီးစိမ်း ညက်အောင်ထောင်းပြီးနောက် ပဲပုတ်ထည့်ထောင်းပါ။
ပြီးလျှင် ပင်စိမ်းသီးထည့်ကာ ညက်အောင် (သို့) မိမိနှစ်သက်ရာ အနေအထားရအောင် ထောင်းပြီးနောက် အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

Crd.chawsu See less

Credit : Facebook Shares

Ingredients

Directions