ငပိချက်နဲ့တို့စရာ

1

ငပိချက်နဲ့တို့စရာ

ကျနော်ချက်တဲ့ငပိချက်တွေပါ
ခရမ်းချဉ်သီးနဲ့ချက်တာရှိသလို
မန်ကျည်းမှည့်ကိုဖျော်ပြီးချက်တာလည်းရှိပါတယ်

ခရမ်းချဉ်သီးနဲ့ချက်မယ်ဆို
ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးတို့ကို
မညက်တညက်ထောင်းပြီးဆီသပ်ပါ
ဆီသပ်တွေနွမ်းရင်
စိမ်းစားငပိ နဲ့ ပုစွန်ခြောက်မှုန့် ထည့်ကြော်ပါ
ကြော်နံ့မွှေးလာရင်
ခရမ်းချဉ်သီးတွေပါးပါးလှီးထည့်
ငန်ပြာရည် နဲ့ ဟင်းခတ်မှုန့် တို့ထည့်ပြီး
ခရမ်းချဉ်သီးတွေကြေတဲ့အထိမကြာခဏမွှေရင်းချက်ပါ
ဆီပြန်ပြီဆိုမှငရုတ်သီးစိမ်းနဲ့နံနံပင်အုပ်ပါတယ်

မန်ကျည်းမှည့်နဲ့ချက်မယ်ဆို
မန်ကျည်းမှည့်တွေကိုရေနွေးစိမ်ပြီးကြေအောင်ချေထားပါ
ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးတို့ကို
မညက်တညက်ထောင်းပြီးဆီသပ်ပါ
ဆီသပ်တွေနွမ်းရင်
စိမ်းစားငပိ ပုစွန်ခြောက်မှုန့် ငရုတ်သီးခွဲခြမ်း ထည့်ကြော်ပါ
ကြော်နံ့မွှေးလာရင်
မန်ကျည်းမှည့် တွေထည့်
ငန်ပြာရည်နဲ့ဟင်းခတ်မှုန့်ထည့်ပြီး
ရေခမ်းဆီပြန်တဲ့အထိချက်ပါ
နောက်ဆုံးမှ
ငရုတ်သီးစိမ်းအုပ်ပါတယ်

တို့စရာစုံစုံနဲ့ဆိုထမင်းမြိန်ပါတယ်

#ခန့်ခန့်ကြီး See less

Credit : Facebook Shares

Ingredients

Directions