ကန်စွန်းဥ( ငချိပ်)#ဆနွင်းမကင်းလုပ်နည်း

1

#ကန်စွန်းဥ( ငချိပ်)#ဆနွင်းမကင်းလုပ်နည်း
-------------------------------------------------------------------
အိမ်သုံး ovenအသေးဆိုဒ် ထဲထည့်ဖုတ်လို့ရတဲ့ ဗန်းအသေးတဗန်းစာပဲလုပ်ပြထားပါတယ်

ကန်စွန်းဥ ၅၀သား
ဂျုံမှုန့်... စတီးဇွန်း ၅ဇွန်း
သကြား..၁၅ ကျပ်သား
ကွကျဥ..၁လုံး
ဆား အနဲငယ်
ထောပတ်ဆီ...၅ကျပ်သား
စပျစ်သီးခြောက်အနဲငယ်
ဘိန်းစေ့ အနဲငယ်
အုန်းနို့.ဘူးသေးတစ်ဘူး (အုန်းနိုးနဲ့မတည့်ရင် အုန်းနို့မထည့်လဲရပါတယ်)

ပထမဆုံး ကန်စွန်းဥကိုပြုတ်ပါ .ကန်စွန်းဥနူးရင်အအေးခံပြီးအခွံနွှာ၍ချေထားပါ . ကန်စွန်းဥကိုလုံးဝကျေညက်တဲ့ထိချေပြီးရင် သကြား..ဆားအနဲငယ် ကြက်ဥတစ်လုံး ဂျုံမှန့်တို့ကိုသမအောင်ရောမွှေရပါမယ်
ရောမွှေပြီးပြီးဆိုရင်တော့ ထည့်မယ့်ဗန်းကိုသန့်စင်အောင်ဆေး၍ ထောပတ်ဆီထည့်ပါ ဗန်းမျက်နှာပြင်နှံ့အောင်တော့ဖြန့်ထည့်ပေးဖို့လိုပါတယ်
ပြီးရင်တော့ ခုနမွှေထားတဲ့ ကန်စွန်းဥအနှစ်တွေကိုဗန်းထဲလောင်းထည့်ပြီး ညီညာအောင်ညှိပါ ဗန်းထဲညှိပြီးရင် အပေါ်ယံကနေ စပျစ်သီးခြောက်နဲ့ ဘိန်းစေ့လေးတွေကိုဖြူးပါ
နောက်ဆုံး အဆင့်အနေနဲ့ မီးကို 140လောက်နဲ့ မိနစ် ၃၀လောက်ဖုတ်ပါ
မိနစ်၃၀အကြာ ကျက်သွားပြီးဆိုရင်တော့ အအေးခံ လှီးပြီး ပန်းခံထဲလှလှလေးထည့်သုံးဆောင်လို့ရပါပြီ
အလှူပွဲတွေမှာလဲ ကိုယ်တိုင်လုပ်ပြီး အချိုပွဲနဲ့ဧည့်ခံလို့ရပြီပေါ့

#Credit ma Choco

Credit : Facebook Shares

Ingredients

Directions