ငါးကြင်းပေါင်း နည်း

1

ငါးကြင်းပေါင်း နည်း
( ချက်စားဖို ့ ဗဟုသုတအဖြစ် share ထားလိုက်ပါနော်

ငါးကြင်း ၅၀သား
စပါးလင် ၂ပင်
ဂျင်း လက် ၁ဆစ်
ဗီနီကာ ၄ဇွန်း
ကြက်သွန်ဖြူ ၆မွှာ
ကြက်သွန်နီ ၄လုံး
ခရမ်းချဉ်သီး ၆လုံး
နံနံပင် အနည်းငယ်
ငံပြာရည် ။
နနွင်း ။
ငရုတ်ပုထောင်း ။
သကြား(သို့)အချိုမှုန့် ။

ငါးကြင်းကိုရေဆေး ရေစစ်ပြီး ဆား၊နနွင်းနယ်ပြီးနှပ်ထားပါ။ပြီးရင်
pressurecookerထဲသို့စပါးလင်အပေါ်ပိုင်းကိုဖြတ်စည်းပြီးအောက်ကခင်း၍အပေါ်ကငါးတင်ပါ။စပါးလင်၁ချောင်းကိုထုထည့်ပါ။ဂျင်း၂ပြား၊ကြက်သွန်ဖြူ၂မွှာ၊ငံပြာရည်၊ဗီနီကာ၊ရေနို့ဆီဘူး၂ဘူးထည့်၍မီးအနေတော်ဖြင့်မိနစ်၄၅ခန့်ပြုတ်ပါ။ရလျှင်အရိုးကိုကိုင်ကြည့်ပြီးနူးလျှင်ရပါပြီ။မနူးသေးလျှင်ရေထပ်ထည့်၍တည်ပါ။
ဆီထည့်ပါ။ကြက်သွန်နီ၃လုံး၊ကြက်သွန်ဖြူ၄မွှာ၊ဂျင်း၁ပြား၊စပါးလင်ပါးပါး၂ပြား၊ကိုနနွင်းငရုတ်ပုထောင်းနှင့်ဆီသတ်ပါ။ခရမ်းချဉ်သီး၄လုံးပါးပါးလှီးထည့်ပါ။အနည်းငယ်နွမ်းသွားလျှင်အအေးခံ၍ဆီစစ်ပြီးblenderထဲ၍ကြိတ်ပါ။(သို့)ရေထည့်ပြီးအနှစ်ကျအောင်လုပ်လဲရပါတယ်။အိုးထဲသို့ပြန်ထည့်ပြီးရေအနည်းငယ်ထည့်ပါ။မဆလာ၊ငံပြာရည်၊သကြားအချိုမှုန့်ထည့်ပါ။ဆီပြန်လာလျှင်ငါးထည့်ပြီးအောက်မကပ်ရုံမွှေပါ။ငါးပြုတ်တုန်းကပိုတဲ့ရေထည့်ပါ။အရမ်းမမွှေပဲအောက်မကပ်ရုံ မွှေပါ။ကြက်သွန်နီ၊ခရမ်းချဉ်သီးအကွင်းလှီး၍ထည့်ပါ။ရေခမ်း ဆီပြန်လျှင် နံနံပင်အုပ်၍ရပါပြီရှင်။

Credit Moe thandar Htay
Photo credit

Credit : Facebook Shares

Ingredients

Directions