၀က်လက် ထမင်းပေါင်း

1

၀က်လက် ထမင်းပေါင်း
------------------------------------
ထိုင်းစတိုင် Khao Kha Moo ၀က်လက် ထမင်းပေါင်း။ ၀က်လက်အပြင် ၀က်အူ၊ ၀က်အဆီအသားကိုပါ တရုတ်ဟင်းခတ် အမွှေးကြိုင်တွနဲ့ ရောချက်ထားတာမို့ အရသာရော၊ အနံ့ပါ စားလို့ အ၇မ်း ကောင်းမွန်ပါတယ်။။ ၀က်လက် ထမင်းပေါင်းနဲ့ ကိုက်လန်၊ ကြက်ဥတို့နဲ့ အလွန်လိုက်ဖက်ပါတယ်။ ခုပဲ တူတူ ချက်ကြည့်ရအောင်..
------------------------------------
ပါ၀င်ပစ္စည်းများ

၀က်လက် – ၂ခု (၁.၅ ကီလိုဂရမ်) (၂လက်မအရွယ် ပိုင်းဖြတ် သန့်စင်အောင် ဆေးကြောထားပါ)
၀က်အူ - ၂၀ ကျပ်သား (အတွင်းပိုင်းကို သေချာ သန့်စင်ပေးပါ)
၀က်အဆီအသားတွဲယှက် - ၄၀ ကျပ်သား
ကြက်သွန်ဖြူ – ၆မွှာ (ပါးပါးလှီးပါ)
ဂျင်း – လက်တဆစ် (ပါးပါးလှီးပါ)

ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၃ဇွန်း
ပဲငံပြာရည်(အနောက်) – စားပွဲတင်ဇွန်း ၃ဇွန်း
သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
ဆန်ဝုိင် – စားပွဲတင်ဇွန်း ၃ဇွန်း
ဗီနီကာ – စားပွဲတင်ဇွန်း ၂ဇွန်း
သစ်ဂျပိုး – ၁ခု
နတ်နတ်ပွင့် – ၂ခု
ကလဝေရွက် – ၂ခု
စီချွမ့် ငရုတ်ကောင်း (Hua Jioa) – စားပွဲတင်ဇွန်း ၁ဇွန်း
ကြက်ဥ – ၄လုံး (ကျက်အောင် ပြုတ်ပြီ အခွံနွှာထားပေးပါ)
ကော်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း (ရေအနည်းငယ်ဖြင့် ဖျော်ထားပေးပါ)
ကိုက်လန် – ၁စည်း (ရေစင်အောင် ဆေးပြီ ထက်ပိုင်းပိုင်းထားပါ) (တွဲဖက်စားရန်)
ကြာမဆိုင် - ၁ထုပ် (လက်မ၀က်အရွယ်များ ပိုင်းဖြတ်ပါ)

------------------------------------
ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ဆီများများ ထည့်ပြီ ဆီပူအောင် တည်ထားပေးပါ။

၂။ ဆီပူလာပြီဆိုလျှင် ၀က်လက်များကို ရွှေညိုရောင်သန်းသည်အထိ ၄မိနစ်ခန့် မီးအတင့်သင့်ဖြင့် ကြော်ပေးပါ။ (ဆီပေါက်တတ်သည် သတိထားပါ)

၃။ ပြီလျှင် ၀က်လက်များကို ပြန်ဆယ်ထားပါ။

၄။ မြေအိုး(သို့) Pressure cooker ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပါ။ ဆီပူလာလျှင် သစ်ဂျပိုး၊ နတ်နတ်ပိုး၊ ကလဝေရွက်၊ ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပါ။

၅။ ပြီမျှ ကြက်သွန်ဖြူ၊ ဂျင်း၊ စီချွမ့် ငရုတ်ကောင်းတို့ကို ထည့်ပြီ ဆီသပ်ပေးပါ။

၆။ ထို့နောက် ရေ(၄ခွက် ၂လီတာ)၊ ဆန်ဝုိင်၊ ပဲငံပြာရည်(အကြည်)၊ ပဲငံပြာရည်(အနောက်)၊ ဗီနီကာ၊ သကြား၊ ၀က်လက်၊ ၀က်အူ၊ ၀က်သားများကို ထည့်ပါ။

ရ။ ၀က်လက်နူအိသည်အထိ ၂နာရီခန့် မီးအသင့်တင့်ဖြင့် အဖုံးအုပ်ကာ တည်ပေးပါ။

(သို့)

ရ။ Pressure cooker နှင့် ချက်လျှင် ၁နာရီခန့် ချက်ပေးပါ။

၈။ ၀က်လက် နူအိပြီဆိုလျှင် ပြုတ်ထားသော ကြက်ဥကို ထည့်ပြီ နောက်ထပ် ၁၀မိနစ် တည်ပေးပါ။

၉။ ၀က်လက်၊ ၀က်အူ၊ ၀က်သားကို ဓားဖြင့် အဝိုင်းများ ပိုင်းဖြတ်ပေးပါ။ ကြက်ဥကို ၄စိပ်စိပ်ပေးပြီ ကြာမဆိုင် နှင့် ကိုက်လန်ကို ၀က်လက်စတူး အရည်ဖြင့် ဖျော်ပေးပါ။

၁၀။ ပန်းကန်ထဲ ထမင်း၊ ၀က်လက်၊ ၀က်အူ၊ ၀က်သား၊ ကြက်ဥ၊ ကိုက်လန်၊ ကြာမဆိုင် တို့ကို ပြင်ဆင်ပေးကာ ၀က်လက်ဆော့ရည်များကို အပေါ်မှ ဆမ်းပေးပြီ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…
------------------------------------
Wutyee Food house
------------------------------------

Credit : Facebook Shares

Ingredients

Directions