၀က်ခေါက်ကင် ထမင်းပေါင်း

1

၀က်ခေါက်ကင် ထမင်းပေါင်း
-------------------------
၀က်ခေါက်ကင် ထမင်းပေါင်းလေးပါ။ ထမင်းပေါင်း နဲ့ ၀က်ခေါက်ကင်နဲ့ တွဲဖက် စားသုံးရတာမို့ အရသာကလည်း တမူထူးခြားပြီ အရမ်းစားလို့ ကောင်းပါတယ်။ ထမင်းပေါင်းမှာ ချဉ်၊ချို၊ ခါး အရသာ ၃မျိုးလုံးရအောင် အမျိုးအမယ် များများ ထည့်ချက်ရပါတယ်။ ခုပဲ ချက်နည်းလေးကို ကြည့်လိုက်ရအောင်…
-------------------------
ထမင်းပေါင်းတွင် ပါ၀င်သောပစ္စည်းများ

ချက်ပြီးသားထမင်း – ဆန်၁လုံး
မုန်လာဥနီ – ၅ကျပ်သား (အပါး စောင်းလှီးပါ)
ပန်းကော်ဖီ – တစိတ် (အတုံးသေးများ တုံးပါ)
ဘိုစားပဲ – ၅ကျပ်သား (အပါး စောင်းလှီးပါ)
မှို- ၅ကျပ်သား (အပါး စောင်းလှီးပါ)
ငုံးဥ – ၈လုံး ( ပြုတ်ပြီ အခွံနွှာထားပေးပါ)
ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ် ၈စိပ်စိပ်ပါ)
ကြက်သွန်ဖြူ – ၂မွှာ (ထောင်းပါ)
ကြက်သွန်နီ – တ၀က် (ထောင်းပါ)
ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
ကြက်ပြုတ်ရည် (သို့) ရေ – ၃ခွက်
ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
-------------------------
၀က်ခေါက်ကင်တွင် ပါ၀င်ပစ္စည်းများ

၀က်သားသုံးထပ်သား – ၃၅ကျပ်သား
ပဲငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
တရုတ် ဆန်ဝုိင် – စားပွဲတင်ဇွန်း ၃ဇွန်း (ဟင်းချက် ဝုိင်)
ပျားရည် – စားပွဲတင်ဇွန်း ၂ဇွန်း
ငရုတ်သီးနှစ် – စားပွဲတင်ဇွန်း ၁ဇွန်း (သိုပ) အနီရောင် ဆိုးဆေးရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
-------------------------
၀က်ခေါက်ကင်နည်း

၁။ အရင်ဆုံး ၀က်သား သုံးထပ်သားကို ၁”* ၃” အရွယ် အတုံးများ တုံးပေးပါ။

၂။ ပြီနောက် ခွက်တစ်ခုထဲ (ပဲငံပြာရည်၊ ပျားရည်၊ သကြား၊ ဆန်ဝုိင်၊ ငရုတ်သီးနှစ်၊ နှမ်းဆီ) တို့ကို သမအောင် ရောမွှေပေးပါ။

၃။ ပြီလျှင် ဆော့ရည်ကို ၀က်သားသုံးထပ်သားပေါ်သို့ လောင်းချလိုက်ပြီ ရေခဲသေတ္တာအောက်ထပ်တွင် အနည်းဆုံး ၃နာရီ (သို့) တညသိပ် နုပ်ထားပေးပါ။

၄။ နုပ်ထားပြီလျှင် ၀က်သားသုံးထပ်သားကို ၁၈၀ ဒီဂရီဖြင့် တဖက်ကို မိနစ် ၂၀နှုန်းဖြင့် မိနစ် ၄၀ကင်ပေးပါ။ (ကင်နေစဉ်အတွင်း ၁၀မိနစ်ခြားတခါ နုပ်ထားတဲ့ ဆော့ရည်များ သုပ်လိမ်းပေးပါ)

၅။ ၀က်ခေါက်ကင်ရပြီဆိုလျှင် ဓားဖြင့် အရှည် ပါးပါးလှီးပေးပါ။

၆။ ၀က်ခေါက်ကင် ရပြီဆိုလျှင် ထမင်းပေါင်း စချက်လို့ရပါပြီ…
-------------------------
ထမင်းပေါင်း ချက်နည်း

၁။ ဒယ်ထဲ ဆီ (စားပွဲတင်ဇွန်း ၄ ဇွန်း) ထည့်၊ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ (၂မွှာ)၊ ကြက်သွန်နီ တ၀က် ထည့် အညှိရောင် သန်းလာသည် အထိ ဆီပူထိုးပေးပါ။

၂။ ပြီးလျှင် ထမင်းပေါင်း ပါ၀င်သော ဟင်းရွက်များဖြစ်သည့် (မုန်လာဥနီ၊ ဘိုစားပဲ၊ ပန်းကော်ဖီ) တို့ကို အရင်ထည့်မွှေပေးပါ။ ကြက်ပြုတ်ရည် (သို့) ရေ(၂၀၀ မီလီလီတာ) စာလောက်ထည့်ပြီး မွှေပေးပါ။

၃။ အရသာအတွက် ခရုဆီ၊ ဆား၊ ကြက်သားမှုန့်၊ နှမ်းဆီ ထည့်ကာ ဟင်းရွက်များ နူးလာသည် အထိ မီးအတင့်သင့်ဖြင့် တည်ထားပါ။ ပြီးလျှင် အပေါ့အငံ မြည်းကြည့်ပါ။

၄။ ထို့နောက်မှ နူလွယ်သော ခရမ်းချဉ်သီး၊ မှို နှင့် ကင်ထားတဲ့ ၀က်ခေါက်ကင်(တ၀က်)၊ ငုံးဥ နှင့် ရေ(၂ခွက်(၄၀၀မီလီလီတာ)) တို့ကို ထည့်ပေးပြီ ဆူအောင် ပြန်တည်ထားပါ။

၅။ ဆူလာလျှင် ကြက်သွန်မြိတ်လေးများ ဖြူပေးပြီ ကော်ရည်များ လောင်းထည့်လိုက်ပါ။

၆။ ထို့နောက် ထမင်းပူပူကို ပန်းကန်လုံးထဲထည့် ကာ ထမင်းစားပန်းကန်ပြားထဲသို့ မှောက်ထည့်ပေးပါ။ ဘေးတွင် ၀က်ခေါက်ကင် စီပြီ ၀က်သားဆော့ရည် အနည်းငယ် ဆမ်းပေးပါ။

ရ။ ပြီလျှင် ၀က်ခေါက်ကင် ထမင်းပေါင်းရည်များကို ထမင်းပေါ်သို့ လောင်းချလိုက်ပါ။

၈။ ပူပူနွေးနွေး ထမင်းပေါင်းကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…
-------------------------
-------------------------

Credit : Facebook Shares

Ingredients

Directions