မှိုကင်

1

မှိုကင်

New Year, Merry Chris-max နီးလာပြီမို့ အကင်လုပ်နည်းတွေ အများကြီး တင်ပေးဖို့ ဒီလထဲမှာ စီစဉ်ထားပါတယ်။ အရင်ဆုံး လူကြိုက်များတဲ့ မှိုကင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ။ မှိုကို ကင်စားလျှင် အရသာအရမ်းကောင်းမွန်မှန်း အစက မသိခဲ့ပါဘူး။ ကြော်တယ်၊ ဟင်းချက်တယ်ပဲ စားခဲ့တာ ခုတော့ မှိုကို ကင်ပြီ စားမှ မီးခို့ရနံ့လေးနဲ့ အလွန်မှကို စားလို့ကောင်းပါတယ်။ ပြီတော့ မှိုကင်ပြီ ဒီအတိုင်း စားတဲ့ အပြင် နောက်တနည်းရှိပါသေးတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီးများကိုပါ ကင်ပြီ မှိုကင်နဲ့ တွဲသုတ်စားတဲ့ အခါ ချဉ်ချိုလေးနဲ့ တကယ်ကို ထမင်းမြိန်မယ့် ဟင်းလျာတစ်မျိုးပါပဲ။ လုပ်နည်းလေးကို ကြည့်ရအောင်…

မှိုကင်တွင် ပါဝင်ပစ္စည်းများ [Ingrediens]

မွုိ [mushroom] ♦ ၁၅ကျပ်သား (တခြမ်းခြမ်းပေးပါ)
သံလြင္ဆီ [olive oil] ♦ စားပွဲတင်ဇွန်း ၃ဇွန်း
ကြက်သွန်ဖြူ [garlic] ♦ ၂မႊာ
ဆား [salt] ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငရုတ်ကောင်းမှုန့် [black pepper] ♦ လက်ဖက်ရည်ဇွန်း တဝက်

ခရမ်းချဉ်သီး [tomato] ♦ ၄လုံး (တဝက်ခြမ်းပေးပါ)
ကြက်သွန်နီ [onion] ♦ ၂လုံး (၄စိပျစိပျပေးပါ)
ကြက်သွန်ဖြူ [garlic] ♦ ၄မႊာ
သံပရာရည် [lime juice] ♦ စားပွဲတင်ဇွန်း ၁ဇွန်း
တရုတ်နံနံပင် [parsley] ♦ ၁စည်း (နှုတ်နှုတ်စဉ်းပါ)

မှိုကင်နည်း [Grill mushroom recipes]

၁။ မှိုကို ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ငရုတ်ကောင်းမှုန့်(အနည်းငယ်) ဖြင့် ရောနုယ်လိုက်ပါ။

၂။ ပြီးနောက် မှိုများကို ဝါးတံစို့ဖြင့် ပုံတွင်ပါသည့်တိုင်း သီထားလိုက်ပါ။

၃။ ပြီးလျှင် ခွက်တစ်ခုထဲ သံလွင်ဆီ၊ တရုတ်နံနံပင်တို့ဖြင့် ရောမွှေလိုက်ပြီ မှိုကို သုတ်ပေးပါ။

၄။ ကင်မည်ဆိုလျှင် မီးကင်ပြားကို ဆီအရင်သုတ်ထားပေးပါ။ မီးသွေး (သို့) ဂက်(စ်) ကြိုက်ရာဖြင့် ကင်နိုင်ပါသည်။

၅။ ပြီးမှ မှိုများကို စကင်ပါတော့မည်။ ၂မိနစ်- ၃မိနစ်ခြား တဖက်လှန်ပေးပါ။ ၆မိနစ်လောက် ကြာအောင် အညှိရောင်သန်းလာလျှင် မှိုများ ကျက်ပါပြီ။

၆။ မှိုကင်ပြီလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီကိုလည်း (သံလွင်ဆီ၊ တရုတ်နံနံပင်) များဖြင့် သုတ်ပေးပြီ ကင်ပေးပါ။

ခရမ်းချဉ်သီးကင်နည်း [Grill tomato recipes]

၁။ ထို့နောက် ခရမ်းချဉ်သီးကို ဆား(လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ)၊ ငရုတ်ကောင်းမှုန့်(အနည်းငယ်) ဖြူးပေးလိုက်ပါ။

၂။ ခွက်တစ်ခုထဲသို့ သံလွင်ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း)၊ ကြက်သွန်ဖြူ (စားပွဲတင်ဇွန်းတဝက်)၊ တရုတ်နံနံပင်တို့ဖြင့် ရောမွှေလိုက်ပါ။

၃။ ပြီနောက် ရောမွှေထားသော သံလွင်ဆီများကို ခရမ်းချဉ်သီးခြမ်းပေါ်တွင် တင်ပေးပါ။

၄။ ၁ဖက်ကို ၂မိနစ်ဖြင့် ၄မိနစ်လောက် ကင်ပေးပါ။

သုတ်နည်း [Salad recipes]

၁။ ဇလုံတစ်ခုထဲသို့ ကင်ထားသော မှိုများ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ(တဝက်ခြမ်းပေးပါ)၊ ခရမ်းချဉ်သီး(တဝက်ခြမ်း) များကို အားလုံး ရောမွှေကာ ထည့်လိုက်ပါ။

၂။ ပြီးနောက် သံပရာရည်(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ငရုတ်ကောင်းမှုန့်(အနည်းငယ်)တို့ ထည့်ပြီ သမအောင် ရောနယ်လိုက်ပြီ စားသုံးနိုင်ပါပြီ…

Tip: ခရမ်းချဉ်သီးကင်တဲ့အခါ ချိစ်တုံးလေးများ ထည့်ပေးပါက ပိုမိုကောင်းမွန်သည်။

Credit : Facebook Shares

Ingredients

Directions