ထောပတ်ပြောင်းဖူးကင်

1

ထောပတ် ပြောင်းဖူးကင်

ပြောင်းဖူးကို ပြုတ်တယ်၊ ကြော်လုပ်စားတယ်၊ မီးဖုတ်ပြီ စားကြတယ်။ ဝတ်ရည် လက်တွေ့အရ ပြောရရင် ပြောင်းဖူးကို ကင်ပြီစားတာက အရသာ အကောင်းအဆုံးနဲ့ အလိုက်ဖက်ဆုံးလို့ ဆိုချင်ပါတယ်။ ထို့ပြင် ပြောင်းဖူးက ရိုးရိုးကင်တာ မဟုတ်ပဲ ထောပတ်နဲ့ ကင်တာမို့ အရသာကတော့ စိမ့်ပြီ အိအိလေးနဲ့ စားလို့ကောင်းပါတယ်။ ထောပတ်နံ့လေးက သင်းနေတာမို့ ဒီနည်းလေးကို လုပ်စားဖြစ်အောင် လုပ်စားစေချင်ပါတယ်။ ချက်နည်း တူတူကြည့်ရေအာင္…

ပါဝင်ပစ္စည်းများ [Ingredients]

ပြောင်းဖူး [corn] ♦ ၂ဖူး
ထောပတ် [butter] ♦ စားပွဲတင်ဇွန်း ၄ဇွန်း (အခန်းအပူချိန်တွင် ထုတ်ထားပေးပါ)
တရုတ်နံနံပင် [parsley] ♦ စားပွဲတင်ဇွန်း ၂ဇွန်း (နှုတ်နှုတ်စဉ်းထားပါ)
ကြက်သွန်ဖြူ [garlic] ♦ ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
ဆား [salt] ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငရုတ်ကောင်းမှုန့် [black pepper] ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း

ကင်နည်း [Grill Recipes]

၁။ အရင်ဆုံး ပြောင်းဖူးကို အခွံကို နောက်သို့ လှန်ပြီ ကြိုး(သို့) သတ္တုပြားလေးနဲ့ ချည်ထားလိုက်ပါ။

၂။ ပြောင်းဖူးမျှင်များကို သန့်စင်လိုက်ပါ။

၃။ ထို့နောက် ခွက်တစ်ခုထဲတွင် (ထောပတ်၊ တရုတ်နံနံပင်၊ ကြက်သွန်ဖြူ၊ ဆား၊ ငရုတ်ကောင်းမှုန့်) တို့ကို သမအောင် နာနာလေး မွှေပေးပါ။

၄။ ပြီးမှ ရောမွှေထားသော ထောပတ်များကို ပြောင်းဖူးပေါ်သို့ သုတ်လိမ်းပေးပါ။

၅။ ပြောင်းဖူး ကင်မည်ဆိုလျှင် မီးကင်ပြားကို ဆီအရင်သုတ်ထားပေးပါ။ မီးသွေး (သို့) ဂက်(စ်) ကြိုက်ရာဖြင့် ကင်နိုင်ပါသည်။

၆။ ထို့နောက် ပြောင်းဖူးကင်နေစဉ် နုယ်ထားသော ထောပတ်များ အပေါ်မှ သုတ်ပေးပြီ ကင်ပေးပါ။

ရ။ ပြောင်းဖူးကင်များ ရပြီ ဆိုလျှင် ပူပူနွေးနွေးလေး စားသုံးနိုင်ပါပြီ။

Credit : Facebook Shares

Ingredients

Directions