မာပိုတိုဖူးချက်

1

ဟိုးရက်ပိုင်းကကုမ္ပဏီညစာစားပွဲကို(၁၀)မိုင်
ကုန်းမှာရှိတဲ့ရွှေဂဏန်းစားသောက်ဆိုင်မှာသွားစားဖြစ်ခဲ့ပါတယ်။
ကျွန်တော်ကထူးထူးခြားခြားဟင်းပွဲတွေကိုရှာဖွေမှာတဲ့အခါမှာ
"မာပိုတိုဖူး"(Marpo Tofu)ဆိုတဲ့ဟင်းပွဲကိုမှာ
ဖြစ်ပါတယ်။

လေ့လာကြည့်တော့သူကစီချွမ်
တရုတ်ဟင်းစတိုင်လ်ဖြစ်ပြီးအသားနုပ်နုပ်စဉ်း
တစ်မျိုးနဲ့ရောစပ်ထားတာကိုတွေ့ရပါတယ်။
ထူးခြားချက်ကတော့ဟင်းအနှစ်ပါပဲ။
အဲ့ဒီဟင်းအနှစ်မှာပဲပုပ်စေ့အမည်းရောင်တစ်မျိုးကိုကြိတ်ပြီးနှမ်းဆီ၊မြန်မာတွေခေါ်တဲ့မက်ခက်သီးဖြစ်တဲ့ဟွားကျောင်းစေ့(Sichuan Pepper) တစ်မျိုးနဲ့ရောစပ်ထားတယ်ဆိုတာကိုအကြမ်းဖျဉ်းအားဖြင့်လေ့လာသိရှိရပါတယ်။

ဒီလိုနဲ့အဲ့ဒီအရံသင့်သုံးမာပိုတိုဖူး ဆော့စ် ထုပ်
လေးကိုတွေ့မိတာနဲ့အသားမပါပဲ..ပဲပြားချည်း
သက်သတ်လွတ်ဟင်းလျာလေးဖန်တီးကြည့်မိပါတယ်။

သက်သတ်လွတ်မာပိုတိုဖူး
°°°°°°°°°°°°°°°°°°°°°°°°

တိုဖူး(ခ)ပဲပြား...................၃တုံး
မာပိုဆော့စ်......................၁ထုပ်(၈၀ ဂရမ်)
ကြက်သွန်မြိတ်(သို့)ကုဆိုင်...၅ပင်ခန့်

ပထမဆုံးအိုးတစ်လုံးမှာရေလီတာဝက်ခန့်ကို
ဆားအနည်းငယ်နှင့်အတူအပူပေးပါ။

ပဲပြားတုံးကို(၁)လက်မအရွယ်ညီတုံးပြီး(၃)မိနစ်ခန့်ထည့်ပြုတ်ပါ။ရေအေးလောင်း၊အအေးခံထားပါ။

ပဲပြားဝယ်ယူရာမှာသတိထားဖို့ကတော့စျေးတွေထဲကလိုမာချပ်ခဲဖြစ်နေတဲ့ပဲပြားမျိုးမဟုတ်သလိုဂျပန်ပဲပြားကဲ့သို့လဲနူးညံ့မနေသင့်ပါ။
မားကတ်တွေမှာဗူးလေးတွေနှင့်ရောင်းသည့်ပဲ
ပြားမျိုးဖြစ်ပါသည်။

မကပ်သောဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးမာပိုဟင်းအနှစ်ကိုမွှေးလာသည်အထိဆီသတ်ပါ။

(အသားထည့်လိုသူများကနုပ်နုပ်စဉ်းထားတဲ့
အသားတစ်မျိုးကိုဒီအချိန်မှာထည့်ပါ)

မွှေးလာလျှင်ပြုတ်ထားတဲ့ပဲပြားတုံးလေးတွေကိုထည့်ပြီးသစ်သားယောင်းမလေးဖြင့်မကြေအောင်မွှေပေးပါ။

အရသာလိုအပ်ပါကပဲငံပြာရည်၊ဆား၊သကြား၊
ဟင်းခတ်မှုန့်ဖြင့်ဖြည့်စွက်ပါ။ပဲပြားထည့်ကြည့်ပြီးလိုအပ်မှအရသာဖြည့်ရန်ဖြစ်ပါသည်။

နောက်ဆုံးမှလက်တဆစ်ခန့်လှီးထားတဲ့ကြက်သွန်မြိတ်(သို့)ကုဆိုင်ရွက်လေးတွေထည့်မွှေပေးပါ။

Credit : Facebook Shares

Ingredients

Directions