ကြက်သားချဉ်စော်ခါးသီးသောက်ဆမ်း

1

ကြက်သားချဉ်စော်ခါးသီးသောက်ဆမ်း
••••••••••••••••••••••••••••••••••••

ခြံကြက်(ဗမာကြက်).........၁ကောင်
ကြက်သွန်နီ...................၃လုံး
ကြက်သွန်ဖြူ...................၅တက်
ချင်းကြီးကြီး....................၁တက်
ချဉ်စော်ခါးသီးခြောက်.........၅ချပ်ခန့်
ဟွားကျောင်း(မက်ခမ်သီးစေ့) ဇွန်းဝက်ခန့်
ငရုတ်ကောင်းစေ့...............အနည်းငယ်
ငရုတ်သီးစိမ်း...................၁၀တောင့်ခန့်
ရှမ်းနံနံ........................... ၁စည်း

ဒီချက်နည်းလေးကကချင်ချက်နည်းအစစ်မဟုတ်ပေမယ့်ခပ်ဆင်ဆင်တူပါတယ်။

ခြံကြက်ခပ်ရင့်ရင့်လေးတစ်ကောင်ကိုသန့်စင်စွာရေဆေးပြီးအနေတော်အတုံးများတုံးထားပါ။(ဒီဟင်းပွဲမှာတော့ဥစားကြက်ကိုအသုံးပြုထားပါတယ်)

အရသာအနည်းငယ်နယ်ထားပါ။

ကြက်သွန်နီကိုရှစ်စိတ်လှီး၊ချင်းကိုပါးပါးလှီးပြီးကြက်သွန်ဖြူ ကိုဓားပြားရိုက်ပါ။

မက်ခမ်သီးနှင့်ငရုတ်ကောင်းစေ့ကိုမွှေးနေအောင်လှော်ပြီးလုံးခြမ်းခွဲထားပါ။

ရှမ်းနံနံနှင့်ငရုတ်သီးစိမ်းကိုပါးပါးလှီးပါ။ချဉ်စော်ခါးသီးခြောက်ကိုရေစိမ်ထားပါ။

ရှမ်းနံနံ ၊ငရုတ်သီးစိမ်း၊ချဉ်စော်ခါးသီးတို့မှလွဲပြီးကျန်ပါဝင်ပစ္စည်းအားလုံးကိုရောထည့်ပါ။

ရေကိုမြုပ်ရုံလေးထည့်ပြီးစတင်အပူပေးပါ။အမြုပ်နှင့်အညစ်အကြေးများကိုစစ်ထုတ်ပါ။

တစ်ပွက်ဆူလာလျှင်ရေအနည်းငယ်ထပ်ဖြည့်ပြီးအထက်ပါအတိုင်းနောက်တစ်ကြိမ်ပြုလုပ်ပါ။

ကြက်သားတွေတစ်ဝက်ကျက်လောက်ပြီဆိုရင်ရေစိမ်ထားတဲ့ချဉ်စော်ခါးသီးကိုထည့်ပြီးဆား၊ငါးငံပြာရည်၊သကြား၊ဟင်းခတ်မှုန့်၊ကြက်သားမှုန့်တို့ကိုအချိုးညီစွာအရသာဖြည့်စွက်ပါ။

မီးရှိန်အေးအေးမှာ ကြက်သားတွေနှုးသည်အထိချက်ပေးပါ။(ဟင်းရည်အများကြီးဖြစ်မနေစေဖို့ရေဖြည့်စွက်ချိန်တိုင်းချင့်ချိန်ဖြည့်စွက်ပေးဖို့လိုအပ်ပါတယ်)

စားသုံးခါနီးမှပါးပါးလှီးထားတဲ့ရှမ်းနံနံနှင့်ငရုတ်သီးစိမ်းတွေဖြည့်စွက်ပေးပါ။

Credit : Facebook Shares

Ingredients

Directions