ငှက်ပျောဖူးချဉ်စပ်

1

Warr Tee
ငှက်ပျောဖူးချဉ်စပ်
**************

အအီလည်းပြေ ခံတွင်းလည်း မြိန်စေတဲ့ ငှက်ပျောဖူး ချဉ်စပ်ဟင်းလေး ချက်စားဖြစ်ပါတယ်။ ရခိုင်ငှက်ပျော်ပင်က အဖူးကသာ စားလို့ကောင်းပါတယ်ရှင်။ ဒါတောင် အဖန်များလို့ ဆားရေနဲ့ အထပ်ထပ်ဆေးပေးရပ်ါတယ်။ သူ့မှာ အခွှဲဓာတ်များလို့ ရင်ကြပ်ရှိတဲ့ သူတွေအနေနဲ့ စားဖို့မသင့်တော်ပါဘူးရှင်။

လိုအပ်သောပစ္စည်းများ
****************
- ငှက်ပျောဖူး ၁ ဖူး
- ကြက်သွန်နီဥသေး ၄ ဥ
- ခရမ်းချဉ်သီးမှည့် ၁ လုံး
- ကြက်သွန်ဖြူ အမွှာ အနည်းငယ်
- ငရုတ်ပွအခြောက်တောင့် ၅ တောင့်ခန့်
- ငရုတ်သီးစိမ်း ၅ တောင့်ခန့်
- ပုစွန်ခြောက်မှုန့် အနည်းငယ်
- မန်ကျည်းသီးမှည့် အနယ်းငယ်
- ငါးပိစိမ်းစား လက်ဖက်ရည် ဇွန်း ၁ ဇွန်းခန့်

ပြင်ဆင်ချက်ပြုတ်ပုံ
***************
- ငှက်ပျောဖူးကို အပေါ်ယံ အခွံထူထူများ ခွါပြီး ပါးပါးလှီးထားပါ

- လှီးထားတဲ့ ငှက်ပျောဖူးများကို ဆားဖြင့်နယ်ပြီး ဆန်ဆေးရေဖြင့် ဆေးတာကို ၃ ခေါက်လောက်လုပ်ပေးပါ

- အဖန်ရေများထွက်သွားတဲ့ ငှက်ပျောဖူးများကို နနွင်းမှုန့်ထည့်ပြီး ရေနွေးပူပူထဲမှာ စိမ်ထားပါ့

- မှန်ကျည်းမှည့်ကို ရေဆေးပြီး ရေနွေးဖြင့် စိမ်ထားပါ

- ကြက်သွန်ဖြူနီ ငရုတ်ပွများကို ညက်အောင်ထောင်းပြီး ဆီသတ်ပါ

- အနှစ်များ နွမ်းလာလျှင် ပုစွန်ခြောက်မှုန့်ထည့်ပြီး ကြော်ပါ

- အမွှေးနံများထွက် လာလျှင် စိမ်းစားငါးပိထည့်ကာ အနံ့ပျောက်သည်အထိ ကြော်ပေးပါ

- ငါးပိနံ့ပျောက်လျှင် ခရမ်းချဉ်သီးနုတ်နုတ်လှီးထားတာများ ထည့်ကြော်ပါ

- ခရမ်းချဉ်သီးအနှစ်များကြေလျှင် ငှက်ပျောဖူးများထည့်ပါ

- ဆား ငံပြာရည် စသည့်အရသာများထည့်ပြီး မွှေပေးပါ

- ရေနွေးအနည်းငယ်ထည့်ကာ အဖုံးအုပ်ထားပါ

- ငှက်ပျောဖူးများ နွမ်းပြီး ဆီပြန်လာလျှင် ငရုတ်သီးစိမ်းများထည့်မွှေကာ ခဏတာအုပ်ထားပြီး မီးဖိုပေါ်မှ ချလို့ရပါပြီ

ငှက်ပျောဖူးဟင်းကို အစပ်ကြိုက်သူများ ငရုတ်သီးစိမ်းပိုထည့်လို့ ရပါတယ်ရှင်။ အဖန်ဓာတ်များလို့ ရေထပ်ကာထပ်ကာဆေးပေးဖို့ လိုပါတယ်။ သတ်သတ်လွတ်သမားများ ငါးပိ ပုစွန်ခြောက်များမထည့်ဘဲ ချက်လည်း စားလို့ကောင်းပါတယ်ရှင်။

Have a nice day!

Credit - Warr Tee

Credit : Facebook Shares

Ingredients

Directions