ငါးငှက်ပျောဖူးကြော်

1

#ငါးငှက်ပျောဖူးကြော်
-----------------------

ချက်စားကြည့်မှ ,
ဘယ်လောက်ကောင်းမှန်းသိရမယ့်ဟင်းပါရှင့် ..
ငှက်ပျောဖူးနုနုကို ငါးကြင်းသားနဲ့ကြော်ထားတာပါ ..

ငှက်ပျောဖူး နုနုတစ်ဖူးကို နုးညံ့တဲ့နေရာထိရောက်အောင် အပေါ်ဖက်က အခွံကြမ်းအဖတ်တွေခွာပစ်ပါ .. အကြမ်းအားဖြင့် တစ်ဝက်လောက်ခွာပစ်ရပါတယ် .. ကိုယ်ချန်ထားသလောက်နေရာက နုမနုကို ဒါးတင် လှီးကြည့်လိုက်တာနဲ့သိသာပါတယ် .. လုံးဝ နုတဲ့နေရာရောက်လာရင် အလွှာဖတ်လေးတွေကိုဟ,ပြီး အထဲက ငှက်ပျောဖီးဖြစ်မယ့် အမျှင်လေးတွေ ရသလောက်ဖယ်ပစ်ပါ .. နဲနဲဖန်တတ်လို့ပါ .. အဖန်ကြိုက်ရင် ဖယ်စရာမလိုပါဘူး .. ဟိုးအတွင်းပိုင်းသိပ်ရောက်တာတွေကိုတော့ နုလွန်းလို့ ဖယ်စရာမလိုပါဘူးရှင့် ..

အနုလေးပဲကျန်တဲ့ ငှက်ပျောဖူးကို အကွင်းလေးတွေလှီးချပြီး တောက်တောက်ပြန်စင်းလိုက်ပါ .. စင်းပြီးသားလေးတွေကို ဆားရည်ထဲ သံပုရာသီး ၁လုံးညှစ်ထည့်ပြီး ခနစိမ်ထားပါ .. ကြော်တဲ့အခါ မဲမသွားအောင်ပါရှင် .. ငှက်ပျောဖူး ၁ဖူးအတွက် ငါးကြင်းအသား ၂၀သားလောက်ကို ရေခန်းပြုတ်ပြီး အရိုးထွင် အသားနွှင်ထားပေးပါ .. ငါးအသားနွှင်ကို ဗမာငံပြာရည်လေး အနေတော်လောက်နဲ့နယ်ထားပေးပါ ..

ကြက်သွန်အဖြူ အနီ တောက်တောက်စင်းပြီး ဆနွင်းမှုန့်လေးနဲ့ဆီသတ်ပါ .. ကြက်သွန်နွမ်းရင် ငပိစိမ်းစား ထမင်းစား ၁ဇွန်းနဲ့ ထညက်လေး ၁ခြမ်းလောက် ရေဖျော်ထည့်ပါ .. ငပိဆီသေပြီး မွှေးလာပြီဆို ငှက်ပျောဖူးစင်းထားတာတွေ ရေစစ်ပြီးထည့်ကြော်ပါ .. ဗမာငံပြာရည်လေး အနည်းငယ်ထည့်ပါ .. ကိုယ်အသုံးပြုထားတဲ့ ငှက်ပျောဖူးအနုအရင့်ပေါ် မူတည်ပြီး နူးအိလောက်အောက် ရေနည်းနည်းထည့်ပေးပါ .. ရေခန်းခါနီးမှာ ငရုတ်သီးစိမ်း ၄စိတ်ကွဲထောင်းထားတာကို ထည့်မွှေပါ .. ဆီပြန်စ,ပြုချိန်မှာ ငါးအသားနွှင်ထားတာ ထည့်မွှေပါ .. ငှက်ပျောဖူးနဲ့ငါးအသား ရောနှောသမသွားအောင် မွှေပေးပြီးကြော်ပါ .. ဆီလုံးဝ ခြောက်ခြောက်လေးပြန်ရင် ရပါပြီ ..

နူးညံ့အိဆိမ့်ချိုပြီး သိပ်စားလို့ကောင်းပါတယ် ..
ချက်စားကြည့်ပါနော် ..

....

Credit : Facebook Shares

Ingredients

Directions