ဆိတ်စွပ်ပြုတ်

1

ဆိတ်စွပ်ပြုတ်
°°°°°°°°°°°°°

ဒူးဆစ်အောက်ပိုင်းဆိတ်ခြေထောက်...၃ချောင်း
ကြက်သွန်နီကြီးကြီး...................၁ လုံး
ကြက်သွန်ဖြူ.............................၄ တက်
ချင်းသေးသေး...........................၁ တက်
ခရမ်းချဉ်သီး.............................၁လုံး
ဇီယာစေ့................................၁/၂ ဇွန်း
နံနံစေ့...................................၁/၂ ဇွန်း
စမုံစပါးစေ့.............................၁/၂ ဇွန်း
လေးညှင်းပွင့်............................၃ ပွင့်
ဖာလာစေ့.................................၂ စေ့
သစ်ကြပိုးခေါက်...................... ...၁ခု
ကရဝေးရွက်..............................၂ ရွက်
ရေ..........................................၁လီတာခွဲ

ဇွန်း=လက်ဖက်စားဇွန်း

ဆိတ်ခြေထောက်တွေကိုမီးအနည်းငယ်ကင်ကြာဓါးလေးနဲ့ခြစ်ထုတ်ပြီးသန့်စင်အောင်
ဆေးကာ၂ ပိုင်းစီပိုင်းပါ။
(ရိုးတွင်းချဉ်ဆီများမဆုံးရှုံးရန်ဂရုပြုပါ)

ကြက်သွန်နီ၊ ဖြူ ၊ ခရမ်းချဉ်သီးတွေကို နုပ်နုပ်စဉ်းပါ။

စမုံစပါးစေ့ ၊ နံနံစေ့ ၊ ဇီယာစေ့တွေကို လှော်ပြီးညှက်နေအောင်ထောင်းပါ။

လေးညှင်း၊ ဖာလာ၊ သစ်ကြပိုးတွေကို မီးကင်ပြီးဓါးပြားရိုက်ထားပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးကြက်သွန်နီ၊ ကြက်သွန်ဖြူ ကိုနနွင်း
မှုန့်လေးပါသည်ဆိုရုံနှင့်ဆီသတ်ပါ။

အနည်းငယ်နွမ်းလာလျှင်ခရမ်းချဉ်သီးများထည့်ပေါင်းပြီးညှက်နေအောင်ထောင်းထားသော၃မျိုးအရောကို ထည့်ပေါင်းဆီသတ်ပါ။

သန့်စင်ထားတဲ့ဆိတ်ခြေထောက်ရိုးတွေထည့်ဆီသတ်ပါ။

မီးကင်ပြီးဓါးပြားရိုက်ထားတဲ့ ၃ မျိုးကိုလည်းထည့်ပါ။ ဆား၊ ပာင်းခတ်မှုန့်တို့နှင့်အရသာသွင်းပါ။

ကရဝေးရွက်၊ ချင်းကိုပါးပါးလှီးထည့်ကာ ရေ၁လီတာခွဲဖြည့်စွက်ပြီးပထမတစ်ပွက်မဆူခင်အထိမီးပြင်းပြင်းနှင့်ပြုတ်ပါ။

အညစ်အကြေးနှင့်အမြှုပ်များကိုစစ်ထုတ်ပေးပြီးလျှင်မီးကိုလျှော့ချပြီးမီးအေးအေးမှာအဖုံးပိတ်ကာမိနစ်(၃၀)မှ(၄၅)မိနစ်အထိနှပ်ချက်ပေးပါ

ကြက်သွန်နီကြော်လေးနဲ့နံနံပင်လေးဖြူ း၊ငရုတ်ကောင်းမှုန့်လေးခပ်ပြီးသုံးဆောင်ပါ။

နံပြားဖြင့်တွဲဖက်လျှင်အကောင်းမွန်ဆုံးဖြစ်ပါသည်။

Credit ဟင်းချက်နည်းများ

Credit : Facebook Shares

Ingredients

Directions