တို့စရာချဉ်ဖတ်စိမ်နည်း

1

တို့စရာချဉ်ဖတ်စိမ်နည်း
****************

နှစ်နည်းရှိပါတယ်။ ဆန်ဆေးရည်နဲ့ရိုးရိုးစိမ်တဲ့နည်း နဲ့ ထမင်းထည့်ပြီးစိမ်တဲ့နည်းပါ။

ပထမနည်းက ချဉ်ဖတ်စိမ်မယ့် အသီးရွက်ကို ရေသေချာဆေးပြီး လှီးဖြတ်ထားပါ။ ကျိုချက်ပြီးသား ရေကျက်အေးထဲသို့ ဆားလက်တစ်ဆုပ်ခန့်ထည့်ပြီး အရည်ပျော်အောင်မွှေပေးပြီး နှစ်သက်ရာအသီးရွက်များထည့်ပြီးစိမ်ထားပေးရုံပါဘဲ။

ဒုတိယတစ်နည်းက ဆန်ဆေးရည်အသန့်ကို ယူထားပြီး ဆားလက်ဆုပ်ခန့်ထည့်ပြီးစိမ်တဲ့နည်းပါ။ တချို့တွေက ထပ်ပြီးတော့ ထမင်းတစ်ဇွန်းစာခန့်နဲ့ ဆနွင်းအနည်းငယ်ထည့်ပြီးစိမ်လေ့ရှိပါတယ်။ ၃ရက်လောက်စမ်ထားပေးရင် ရပါပြီ။
ကြိုက်တဲ့နည်းအသုံးပြုနိုင်ပါတယ်။

သတိပြုရမှာက အဖုံးလုံအောင်ပိတ်ထားဖို့ နဲ့ ချဉ်ဖတ်ရလို့ ဆယ်ယူ/ခပ်တဲ့အခါ ဇွန်းအသန့်နဲ့ခပ်ဖို့လိုပါတယ်။ အဆင်ပြေကြပါစေနော်။

Credit : Facebook Shares

Ingredients

Directions