သနပ်စုံ

1

သနပ်စုံ လုပ်ရတာလွယ်ကူပီး ဟင်းသီးဟင်းရွက် နှစ်သက်သူတွေ..သက်သတ်လွတ် စားသူတွေ အတွက် ထမင်းမြိန်မည့် ဟင်းကောင်းလေး တခွက်ပါ..။ နေရာ ဒေသ ကို လိုက်ပီး လုပ်ပုံလုပ်နည်းလေးတွေ ပါဝင်ပစ္စည်းလေးတွေ ကွဲလွဲနိုင်ပါတယ်၊ လုပ်ရတာမခက်လှပေမဲ့ အသီးရွက်ကို ကြွတ်ကြွတ် ထုတ်ထုတ်လေး ဖြစ်အောင်နဲ့ အရောင် လှဘို့ တွက် ဆယ်တဲ့ အနေအထားမှန်ဘို့၊ ရေဆေးပီး ရေခဲရေစိမ်ဘို့၊ ရေကုန်အောင် ညှစ်ထုတ်ပီးမှ လှီးဘို့ လိုအပ်ပါတယ်..။

ပါဝင်ပစ္စည်းမ်ား
1. ငရုပ်သီးစိမ်း ၁၀ တောင့်
2. သဘောင်္ဇီးဖြူ ၁၀ လုံး
3. ရုံးပတီ ၅ တောင့်
4. သရက်သီးစိမ်း တခြမ်း
5. ကြက်သွန်နီ ၈ လုံး ( သေးသေး)
6. ပဲစောင်းလျှားသီး ၅ တောင့်
7. မုန်လာဥနီ ၁ တောင့်
8. ဂေါ်ဖီထုပ် ၁၆၀ ဂရမ်
9. ကြက်သွန်နီကြော် ၄၀ ဂရမ် ( ၂ ကျပ်သားခန့်)
10. ကြက်သွန်ဖြူ ၁ လုံး (၁၀မွှာခန့်)
11. နှမ်း ၂ စားပွဲဇွန်း
12. ဆား သင့်ရုံ
13. ကြက်သားမှုန့်/သကြား သင့်ရုံ
14. ဆီ ၁/၂ ခွက် (၁၃၀ မီလီလီတာ)
15. နနွင်း အနည်းငယ်

ပြုလုပ်ပုံ
1. ကြက်သွန်ဖြူကြော်ရန် ဆီတွင် နနွင်းခပ်ပီး ကြက်သွန်ဖြူကြော် ဆီချက်ဝါဝါလေး ချက်ထားပါ၊
2. ရေနွေးအိုးတည် ဆား ထည့်၊ ဆူလာတော့ အသီး အရွက်တွေ တမျိုး စီပြုတ်ပါ၊ အစိမ်းရင့်ရောင်ပြောင်းပီး ကိုယ် နှစ်သက်တဲ့နူးညံ့မှု့ အနေထားရပီဆိုရင် ဆယ်ပါ၊ ချက်ချင်း အသီးရွက် ပြုတ်ပေါ် ရေအေးလောင်းချပီး ရေခဲရေထဲမှာ ခဏစိမ်၊ အေးသွားတာနဲ့ ချက်ချင်းဆယ်ပီး ရေညှစ်ထားပါ၊
3. ရုံးပတီသီးပြုတ်တဲ့ အခါ မချွဲအောင် အချဉ် တွေဖြစ်တဲ့ သရက်သီးနဲ့ ဇီးဖြူသီးတို့နဲ့ အတူပြုတ်ပါ၊ အအေးခံပီးတဲ့ အခါမှာလည်း သေသေချာချာ ရေခြောက်ပီးသွေ့သွားမှ လှီးပါ.။
4. အသီးရွက်တွေ အားလုံး ပြုတ်ပီး အအေးခံပီးသွားရင် ကိုယ်နှစ်သက်တဲ့ အရွယ် လှီးပါ၊ ဇလုံ တခုမှာ အသီးရွက် ပြုတ် တမျိုးခြင်းစီးကို ဆား၊ သကြား၊ကြက်သွန်ဖြူဆီချက်(ကြက်သွန်ဖြူဖတ်မပါ) ဖြင့်နယ်ပီး တပုံစီပုံပါ၊ ရောနယ်တာကြိုက်လျှင်လည်း ရော နယ် နိုင်ပါတယ်၊ အချဉ် အစပ် သမ သွားလို့ စားရတာ ပိုကောင်းတယ်။ စားခါနီးမှ အသီးရွက်အရွက်တွေပေါ်မှာ နှမ်းနဲ့ ကြက်သွန်နီကြော်မွှေးမွှေးလေး ဖြူးကာ သုံးဆောင်ပါရှင်။

Credit : Facebook Shares

Ingredients

Directions