ဂွာကာမိုး‌လီ

1

ဂွာကာမိုး‌လီ
မက္ကဆီကန်အစားစာ ဂွာကာမိုးလီလို့ခေါ်တဲ့ ထောပတ်သီးထောင်းလေးပါရှင်၊ ဆိမ့်လှတဲ့ ထောပတ်သီး အရသာထဲကို ဆား၊ ငရုပ်သီးစိမ်း၊ နဲ့ သံပုရာသီးပေါင်းထည့်ပေးပီး တခြားမွှေးတဲ့ ကြက်သွန်နီ၊ နံနံပင်တို့နဲ့ ရောနယ်လိုက်တဲ့အခါ အလွန်စားကောင်းတဲ့ dipping sauce လေး ဖြစ်လာတယ်၊ တော်တီလာကြွပ်ကြွပ်လေးနဲ့တို့စားလို့ကောင်းလှသလို၊ တာကို၊ ဖာဟီတာ တို့နဲ့လည်းတွဲဘက်စားနိုင်ပါတယ်၊ ငရုပ်သီးစိမ်းက အသားထူတဲ့ စပ်တဲ့ ဟာလပီညောကို သုံးသင့်ပါတယ်။ ထောပတ်သီးကလည်းပျော့အိနေတာမျိုးမဟုတ်ဘဲ မပျော့မမာ အနေထားမျိုး ကို အသုံးပြုပါ၊ မြန်မာမှာ ထောပတ်သီးတွေက အမဲရောင် အမျှင်တွေ ပါနေတတ်တယ်၊ အဲဒါလေးတွေက လေဝင်ပီး အောက်စီဒိုက်ဖြစ်သွားတာပါ၊ ထောပတ်သီး ဝယ်တဲ့အခါ အညှာပိတ်လေးကိုရွေးဝယ်ပါ၊ ၊ ထောပတ်သီး အနု၊ အစိမ်း အမှည့်ကို စမ်းသပ်တဲ့အခါ လက်ညိုးနဲ့ ဖိကြည့်တာထက် လက်ဖဝါးထဲ ထည့်ပီး အသာယာ ညှစ်ကြည့်ပါ၊ ဘယ်တော့ အသုံးပြုမလည်း ဆိုတာမှာ မူတည်ပီး အပျော့အမာ၊ အခွံအရောင် အစိမ်း/အမဲ ရွေးဝယ်ပါ၊ သံပုရာရည်က ချက်ချင်းမမည်းအောင် အကာကွယ်ပေးပေမဲ့လည်း ဂွာကာမိုလီ ကို စားခါနီး နာရီဝက်ထက် ကြိုတင်ပီးမလုပ်သင့်ပါ၊
ပါဝင်သောပစ္စည်းများ
1. ထောပတ်သီး ၁လုံး
2. ကြက်သွန်နီ ၁ခြမ်း
3. ဆား အနည်းငယ်
4. နံနံပင် ၁ ခက်
5. ငရုပ်သီးစိမ်း ၁ တောင့်
6. သံပုရာရည် သင့်ရုံ
7. ခရမ်းချဉ်သီး ၁ ခြမ်း
ပြုလုပ်နည်း
1. ငရုပ်သီးစိမ်းကို လေးထောင့်အတုန်းလေးများလှီးထားပါ။
2. နံနံပင် ကို မထူမပါးလှီးထားပါ။
3. ခရမ်းချဉ်သီးကို ထက်ခြမ်းခြမ်း၊ အစေ့ထုတ်၊ ပီး လေးထောင့်အတုန်းလေးများလှီးထားပါ၊
4. ကြက်သွန်နီကို ထက်ခြမ်းခြမ်း ရေဆေး၊ လေးထောင့် အတုံးသေးသေး လှီးထားပါ။
5. ထောပတ်သီးကို အခွံနွှာ၊ အသားကို ဇွန်းနဲ့ ခြစ်ပီး ခပ်ယူပါ၊ ငရုပ်ဆုံတွင်ထည့်ပါ၊
6. ငရုပ်ဆုံထဲမှာ နံနံပင်ကလွဲရင် လှီးထားတာတွေ အကုန်ထည့်ပါ၊ ဆား၊ သံပုရာရည်ထည့်ပီး ဖွဖွလေးကျည်ပွေ့နဲ့ ဖိကြိတ်ပေးပါ၊ အရသာကို မိမိနှစ်သက်ရာ အချဉ်၊ အစပ် လိုသလို ပြုပြင်ပါ၊ နောက်ဆုံးမှ နံနံပင် ထည့်ပီး ဇွန်းနဲ့ ဖွဖွ သမအောင်မွှေပါ၊ ပန်းကန်လုံးတွင်ထည့်ပီး ဂျုံ အကြွပ်ကြော်နဲ့ တို့စားနိုင်ပါဘီ။

Credit : Facebook Shares

Ingredients

Directions