ငါးပေါင်းထုတ်

1

ငါးပေါင်းထုတ်
###########

ငါးဖယ်နှင့်ငါးခြစ်အရော တစ်ဆယ်ကျပ်သား
ဆီ ဟင်းဇွန်းသုံးဇွန်း
အရောင်တင်မှုန့် ထမင်းစားဇွန်းငါးဇွန်း
ဘူးသီး တစ်စိပ်
ရဲယိုရွက် ၂၀ရွက်ခန့်
ကောက်ညှင်းရွှေချီ၊ဆန်မှုန့်အစိမ်း
ငှက်ပျောဖက် အနည်းငယ်
သွားကြားထိုးတံ အနည်းငယ်(ငှက်ပျောဖက်နှင့်ထုတ်လျှင်ငှက်ပျောဖက်ပွင့်မသွားေအာင်ထိုးထားရန်ဖြစ်ပါသည်)
ကြက်သွန်နီ၊ကြက်သွန်ဖြူ၊စပါးလင်၊ဟင်းချိုမှုန့်၊ဆား၊ငါးပိစိမ်းစား အနည်းငယ်ဆီလိုအပ်ပါတယ်

ဦးစွာဘူသီးကို‌ရေဆေးပြီးပုံပါအတိုင်းလှီးထားပါ
ထို့နောက်ကြက်သွန်နီ၊ကြက်သွန်ဖြူ၊စပါးလင် တို့ကို အရောင်တင်မှုန့်ဖြင့် ရောထောင်းပါ၊ပြီးလျှင်ငါး၊ထောင်းထားသောကြက်သွန်များနှင့် ဘူသီး၊ဆန်မှုန့်စိမ်းထမင်းစားဇွန်းသုံးဇွန်း၊ကောက်ညှင်းရွှေချီထမင်းစားဇွန်းငါးဇွန်း၊ငါးပိစိမ်းစား၊ဟင်းချိုန့်မှုန့်၊ဆီတို့ဖြင့်ရောနယ်ပါ။

ပြီးလျှင်ငှက်‌ပျောဖတ်ကိုတစ်ထုတ်စာဖြတ်ပြီးရဲယိုရွက်ကိုငှက်‌ပျောဖတ်ပေါ်တင်ပြီးထမ်းစားဇွန်း‌ခြောက်ဇွန်းထည့်ပါ၊ရဲယိုရွက်ပေါ်မူတည်၍ အနည်းအများချိန်ထည့်ပေးပါ၊
ဖတ်ကိုလုံအောင်ခေါက်ပြီး သွားကြားထိုးတံနှင့်ထိုးပါ၊
ဒယ်နီထဲတွင်ရေထည့်ပြီး အပေါ်မှပေါင်းချောင်ထည့်ပြီး
ငါးပေါင်းထုတ်များကိုစီထည့်ပါ၊မီးနစ်သုံးဆယ်ခန်းပေါင်းပြီးရင်းတော့အနံ့‌မွှေးမွှေးလေးနှင့်ဘူးသီးငါးငပေါင်းထုတ်ရပါပြီ။

မှတ်ချက်။ ။ငှက်ပျောဖက်စိမ်းနေလျှင်ထုတ်လို့မရသည်အတွက် ရေနွေးငွေ့ဖြင့်ငါးမီးနစ်လောက်ပေါင်းထားပေးရပါမည်။

မိသားစုများစိတ်ချမ်းသာကိုယ်ကျန်းမာနှင့်သီတင်းကျွတ်မှာပျော်ရွှင်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်

Credit : Facebook Shares

Ingredients

Directions