ကရင်ကျည်တောက်ထိုးဟင်း

1

ကရင်ကျည်တောက်ထိုးဟင်း စားကြအုံးမလား

ကရင်ရိုးရာ ဒါဟဲဖိုး ခေါ် ငရုပ်သီးဟင်းခေါ် ကျည်တောက်ထိုးဟင်း ချက်နည်းလေး မျှဝေပါ့မယ်။
ခရမ်းသီး ပဲသီး ခရမ်းကဆော့ ကန်ဇွန်းရွက် ဂေါ်ရခါးညွှန့် ရွှေဖရုံ မျှစ်ချဉ် မျှစ်စိမ်း ရရာ ငှက်ပျောဖူး ငရုပ်သီးစိမ်း အရွက်စုံလေ ကောင်းလေ ကောက်ရိုးမှိ ု ပိန်းရိုး ဒညင်းသီး အားလုံးရောပြုတ် ကြိုက်ရာအသားထည့်ချက်လို့ရ။ ပြုတ်ပြီး နူးလာပြီဆို ဆုံထဲထည့် ယောင်းမနဲ့ ညက်အောင်ထောင်းပါ။ ငရုပ်ကျည်ပွေ့နဲ့ထောင်းပါက အရည်တွေ စဉ်တတ်သောကြောင့်ဖြစ်သည်။ ထောင်းပြီးပြုတ်ရည်ထဲပြန်ထည့် ဆား အရသာမှုန့်ထည့် ရေကျို ငပိရည် ခပ်များများထည့်ပါ။ ငပိရည်ထည့်တာနည်းလျှင်စားမကောင်း။မီးဖိုပေါ် ပြန်တည်ပြီး ပွက်ပွက်ဆူလျှင် ကြက်သွန်ဖြူ စပါးလင် ထောင်းထားတာ ထည့်မွှေပြီး အနံ့မွှေးလာလျှင် အစပ်ကဲကဲ ဒါဟဲဖိုးဟင်းတစ်ခွက် သုံးဆောင်နိုင်ပါပြီ။
ဆားလေးလေး ငပိလေးလေး အစပ်လေးလေးမှ သူ့အရသာထွက်ပြီး စားကောင်းပါသည်။
ဗဟုသုတ အနေဖြင့် ကျည်တောက်ထိုးဟင်းဟု ခေါ်ရခြင်းမှာ တောင်ပေါ် ကရင်များ ဒီဟင်းကို ချက်တဲ့အခါ ဝါးကျည်တောက်ကြီးကြီးထဲ အသီးရွက်စုံထည့်ပြုတ်ပြီး ဝါးချွန်နဲ့ ထိုးထိုးပြီး ချက်တာကြောင့် ကျည်တောက်ထိုးဟင်းလို့ ခေါ်ကြတာပါဗျို့။ ဝါးစိမ်းနံ့လဲ ပိုမွှေးပါတယ်။ တချို့က ခြေထောက်ထိုးဟ
င်းလို့ ခေါ်နေကြလို့ပါ။

Credit Su Pyae May May

Credit : Facebook Shares

Ingredients

Directions