အမဲသား အစပ်ကင်

1

အမဲသား အစပ်ကင်

Texas စတိုင် အမဲသားကင်၊ ပါမုန့်၊ Baked bean နဲ့ တွဲဖက် သုံးဆောင်ရတာပါ။ ဘီယာ၊ ရှာလကာ ဆော့ရည်ကို အသုံးပြုပြီ ကင်ထားတာပါ။ အရသာက ခပ်စပ်စပ် အရသာရှိတာမို့ အစပ်မကြိုက်သူများ ငရုတ်သီးအရောင်တင်မှုန့် လျှော့ထည့်ဖို့ မမေ့ပါနဲ့။ အမဲကင်တဲ့အခါ အသားက နူးညံ့ဖို့ လိုအပ်တာမို့ မိုးခိုသားကို အသုံးပြုပြီ ကင်ထားပါတယ်။ ခုပဲ ကင်ကြည့်ရအောင်…

အမဲသားကင်ရန် ပါဝင်ပစ္စည်းများ

အမဲ မိုးခိုသား – ၈၀၀ ဂရမ်
ငရုတ်သီး အရောင်တင်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း
ဆား – စားပွဲတင်ဇွန်း တဝက်

ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်သွန်နီမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၃ပုံ
နံနံစေ့မှုန့် – လကဖက်ရည်ဇွန်း ၁ဇွန်း
Oregano – လက်ဖက်ရည်ဇွန်း တဝက် (အနောက်တိုင်း ဟင်းခတ်အမွှေးအကြိုင်) City Mart တွင်ဝယ်ယူနိုင်သည်။

ရှာလကာ၊ ဘီယာ ဆော့ရည်

ရှာလကာ – ခွက်တဝက်
ဘီယာ – ခွက်တဝက်
ဆား – စားပွဲတင်ဇွန်း တဝက်
သကြား – စားပွဲတင်ဇွန်း တဝက်
ငရုတ်သီး(အရောင်တင်)မှုန့် – လက်ဖက်ရည်ဇွန်း တဝက်
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တဝက်

ကင်နည်း

၁။ အရင်ဆုံး ခွက်တစ်ခုထဲတွင် (ငရုတ်သီးမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ သကြား၊ ကြက်သွန်နီမှုန့်၊ နံနံစေ့မှုန့်၊ oregano) တို့ကို သမအောင် ရောမွှေလိုက်ပါ။

၂။ ပြီနောက် အမဲသားကို ရေစင်အောင် အဝတ်သန့်ဖြင့် သုပ်လိုက်ပါ။ ပြီမှ Aluminum Foil ပေါ်တင်လိုက်ပါ။

၃။ အမဲသားပေါ်မှ ရောမွှေထားသော ငရုတ်သီးမှုန့်များကို တဖက်ခြင်းစီ ဖြူးပေးပါ။

၄။ အချိန်ရှိလျှင် အမဲသားကို ရေခဲသေတ္တာ အောက်ထပ်တွင် ၁နာရီမှ ၄နာရီထိ နုပ်ထားပေးပါ။

၅။ ပြီနောက် ခွက်တစ်ခုထဲတွင် ရှာလကာ၊ ဘီယာဆော့ရည် ပါဝင်ပစ္စည်းများ ဖြစ်သော(ရှာလကာရည်၊ ဘီယာ၊ ဆား၊ သကြား၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်) တို့ကို ရောမွှေလိုက်ပြီ အမဲသားပေါ်သို့ သုပ်ပေးပါ။

၆။ ပြီလျှင် မီးကင်ပြား(သို့) Oven (၂၀၀ဒီဂရီ) ဖြင့် တဖက်ကို နာရီဝက်နှုန်းဖြင့် ၁နာရီခန့် ကင်ပေးပါ။

ရ။ ကင်နေစဉ်အတွင်း ရှာလကာ၊ ဘီယာဆော့ရည်များ အပေါ်မှ သုပ်ပေးပါ။

၈။ အမဲသား ကင်ရပြီဆိုလျှင် ခေတ္တအအေးခံပြမှ အမဲသားများကို ဓားဖြင့် ခပ်ပါးပါးလှီးပေးပြီ ကင်လို့ထွက်လာတဲ့ ဆောရည်ကို အပေါ်မှ ဖြူးပေးပါ။

၉။ Texas စတိုင် အမဲသားကင်ကို ပါမုန့်၊ Baked bean၊ ကြက်သွန်မြိတ်ကင် တို့ဖြင့် အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

Credit : Facebook Shares

Ingredients

Directions