ကြက်ဆီထမင်း

1

ကြက်ဆီထမင်း (အလွယ်ချက်နည်း)

ကြက်ဆီထမင်းချက်နည်း မေးထားတဲ့သူများပေမယ့် အခုမှပဲရေးဖြစ်တော့တယ်။ ကြက်ဆီထမင်းကတော့ လူကြိုက်များပြီး စားလို့ကောင်းတဲ့ အရာတခုပါပဲ။ ဒီနည်းလေးကတော့ လွယ်လဲလွယ်တယ်။ အိစံကတော့ ကြက်သားကို ပြုတ်ထားတာ ဒီတိုင်းမစားချင်လို့အရသာလေးနယ်ပြီး အိုးပူတိုက်လိုက်ပါတယ်။ စားလို့ကောင်းပြီး အရသာလဲတူလို့လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ

၁။ ၅၀ သားရှိသော ကြက် - ၁ ကောင်
၂။ ဆန် - ပေါင်းအိုးမှာပါသော ဆန်ချိန်သောခွက်ဖြင့် ၃ ခွက်
၃။ ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၄။ သကြား - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
၅။ ကြက်သွန်ဖြူ - ၃ တက်
၆။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၇။ ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း ၁ ဇွန်း
၈။ ဂျင်း - လက်တဆစ်
၉။ ကြက်သွန်နီ - ဥ အသေး ၂ ဥ
၁၀။ ဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း

၁။ ဆန်ကိုရေဆေးထားပါ။ ကြက်အရေခွံများကို ခွာထားပြီး ကြက်သားကို အတုံးကြီးကြီးတွေတုံးထားပါ။ ကြက်သွန်ဖြူကို ထောင်းထားပါ။ ဂျင်းကို အပြားလိုက်လှီးထားပါ။

၂။ အတုံးတုံးထားသော ကြက်သားများနှင့် ဂျင်းအပြားများ၊ ကြက်သွန်နီ ၂ ဥ တို့ကို အိုးထဲထည့်၊ ရေကို ကြက်သားများ မြုပ်အောင်ထည့်ပြီး ကြက်ပြုတ်ရည်လုပ်ပါ။ အနည်းဆုံး မိနစ် ၃၀ ခန့်တည်ပါ။ ရေကိုထပ်ထပ်ဖြည့်ပေးပါ။ (ကြက်ဆီထမင်းထဲထည့်မည့် ကြက်ပြုတ်ရည်ယူပြီးမှ ဆားအပေါ့အငံထည့်မှာပါ။)

၃။ ကြက်အရေခွံများကို ဒယ်အိုးတခုထဲထည့်ရျ် ဆီထွက်လာသည်အထိ လှိမ့်ပါ။ ဆီထွက်လာလျှင် အရေခွံများ ညိုလာပါလိမ့်မည်။ အရေခွံများကို ဖယ်လိုက်ပြီး ထောင်းထားသော ကြက်သွန်ဖြူကို ထည့်ရျ် ဆီသတ်ပါ။ ကြက်ဆီထမင်းအတွက်ဆီရပါပြီ။ (ကြက်ဆီထမင်းအတွက် ဆီမှာ ကြက်သွန်ဖြူ အပါအဝင် ထမင်းစားဇွန်း ၃ ဇွန်းခန့်ရှိရပါမည်။ ၃ ဇွန်း မရှိလျှင် ရိုးရိုးဆီကို ကြက်သွန်ဖြူ ဆီချက်နေတုံးထပ်ထည့်ထားပါ။)

၄။ ရေဆေးထားသော ဆန်ကို ထမင်းပေါင်းအိုးထဲထည့်၊ ကြက်ပြုတ်ရည်ကို ထမင်းချက်ရင်ရေထည့်သလောက်ထည့်၊ ချက်ထားသော ကြက်ဆီ ထမင်းစားဇွန်း ၃ ဇွန်းထည့်၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ထည့်ပါ။ ပြီးလျှင် ထမင်းချက်သလိုချက်ပါ။

၅။ ပြုတ်ထားသော ကြက်သားများကို ဆယ်ပါ။ ပြီးလျှင် ကြက်သားများကို ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း ၁ ဇွန်း၊ ခရုဆီ ထမင်းစားဇွန်း ၁ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ဖြင့် နယ်ပါ။ ထို့နောက် ဒယ်အိုးတခုထဲမှာ ဆီ လက်ဖက်ရည် ဇွန်း ၁ ဇွန်း ကိုထည့်ရျ် နယ်ထားသော ကြက်သားများကို ထည့်ပြီး အရည်ခြောက်ပြီး ညိုလာသည်အထိ အိုးပူတိုက်ပါ။ (ကြက်သားများကို အိုးပူတိုက်လျှင် ဟိုဘက်ဒီဘက်ကိုပဲအသာလေးလှန်ပေးပါ။)

၆။ ပြုတ်ထားသော ကြက်သားမျာကို ဒီအတိုင်းစားမည်ဆိုလျှင် ကြက်ပြုတ်ရည်ထဲကို ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း တ ဝက်တို့ကိုထည့်ပြီး ၁၅ မိနစ်လောက် တည်ပြီးမှ ကြက်သားများကို ဆယ်ပါ။ (အိုးပူတိုက်ကြက်သားများကို သုံးမည်ဆိုလျှင် လဲ ကျန်သော ကြက်ပြုတ်ရည်ကို အထက်ပါအတိုင်းထည့်ပြီး ဟင်းရည်ရရန်အတွက် ခဏတည်ပါ။)

၇။ ကြက်ဆီထမင်းပြင်ဆင်ရန်အတွက် ထမင်းကိုအရင်ထည့်၊ ပြီးလျှင် ကြက်သားများကိုခုတ်ပြီးထည့်၊ သခွားသီး၊ အချဉ်ရည်တို့ဖြင့်ပြုလုပ်ပါ။

၈။ ကြက်ဆီထမင်း အတွက်ဆော့ကို ကိုယ်တိုင်ပြုလုပ်မည်ဆိုလျှင် ဂျင်း၊ ကြက်သွန်ဖြူ၊ နံနံပင်၊ နံနံပင်အရိုး၊ ငရုတ်သီးစိမ်း၊ သံပုရာရည်၊ ကြက်ပြုတ်ရည်အနည်းငယ်၊ ပဲငပိအချိုအနည်းငယ်တို့ကို ကြိတ်စက်ထဲထည့်ကြိတ်ရျ် ပြုလုပ်နိုင်ပါသည်။

##Credit Ma Ei san

Credit : Facebook Shares

Ingredients

Directions