ဂျုံပူတင်းပြုလုပ်နည်း

1

ဂျုံပူတင်းပြုလုပ်နည်း
ပါဝင်သောပစ္စည်းများ
- ကြက်ဥ - ၂၄ လုံး
- နွားနို့- ၄ လီတာ
- သကြား - ၁ ခွက်နှင့် ခွက်လေးပုံ ၃ ပုံ
- ဂျုံမှုန့်- ၁ ခွက် နှင့် ခွက်လေးပုံတပုံ
- ထောပတ် - ခွက် တဝက် (သို့) ထမင်းစားဇွန်း ၈ ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဗင်နီလာအနံ့အရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
(၁ ခွက် = 240ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ပြုလုပ်နည်း
- ကြက်ဥကိုညက်နေအောင်ခလောက်ပါ။ ထို့နောက် နွားနို့၊သကြား၊ ဆား၊ထောပတ်၊ ဗင်နီလာအနံ့တို့ကိုထည့်ရျ် သမအောင်လုပ်ပါ။ ပြီးလျှင် ဂျုံကိုဇကာတိုက်ထည့်ပါ။
- ဒယ်အိုးထဲကို မုန့်နှစ်ရည်များထည့်ရျ် မီးအေးအေးဖြင့် အပူပေးပြီး ဆက်တိုက်မွှေပါ။ ပျစ်ပျစ်လေးဖြစ်လာလျှင် မီးဖိုပေါ်မှချပါ။ (ဆက်တိုက်မမွှေလျှင် အခဲများဖြစ်သွားတတ်ပါတယ်။)
- ထို့နောက်ဆီသုတ်ထားသော ဘန်းအကြီး ၂ ဘန်းထဲကိုထည့်ရျ် မျက်နှာပြင်ညီအောင်ညှိပါ။
- အပူချိန် 350'F (180'C) မှာကြိုအပူပေးထားသော oven ထဲကို ပူတင်းဘန်းထည့်ရျ် ၁ နာရီဖုတ်ပြီးလျှင် အအေးခံထားပါ။(ပေါင်းအိုးထဲမှာဘန်းအသေးလေးတွေ(သို့) ခွက်ကလေးတွေနဲ့ပေါင်းလဲရပါတယ်။)

Credit : Facebook Shares

Ingredients

Directions