မုန်ညှင်းဖူး ဟင်းထုပ်

1

မုန်ညှင်းဖူး ဟင်းထုပ်

ဟင်းထုပ် ထုတ်ရာမှာ အဓိက ကြုံရလေ့ရှိတဲ့ ပြသနာကတော့..မာမာကြီးဖြစ်နေတတ်တာပါ။ ကိုယ်စားခဲ့ဘူးတဲ့ ဟင်းထုပ်လေးတွေကို ပြန်သတိရရင်း ဆန်မှုန့်ကိုအများကြီး ထည့်ရတာ၊ အသီးရွက်က ပါလေရာလေးထည့် ရတာလို့ ထင်ချင်စရာ၊ တကယ်တော့ ထည့်တဲ့ အသီးရွက်ရဲ့ အလေးချိန်က ဆန်မှုန့် အလေးချိန်ထက်များပါတယ်..။ ရေထည့်တာ လည်း နဲသွားတတ်ပါတယ်..။ ပါဝင်တဲ့ အသီးအရွက်မှာ ပါဝင်တဲ့ ရေ ပမာဏ အနည်းအများအပေါ်မူတည်ပီး ရေကို ချင့်ချိန်ထည့်ရတာမို့ ရေပမာဏကို အတိအကျ ပြောဘို့ ခက်ပါတယ်။ မမီးက အတိအကျ ပြောရင်တောင်..အတိအကျ လိုက်လုပ်မည့်သူ ရှားပါတယ်..။ မမီးကိုယ်တိုင်ကလည်း အဲလိုမျိုးကြီး..။ အခု ဟင်းထုပ်လေးကို ပြင်ဦးလွင်က ဝယ်လာတဲ့ မုန်ညှင်းဖူးလေးတွေနဲ့ ရန်ကုန်မှာ အပြေးအလွှားလုပ်စားဖြစ်တာ၊ ချိန်ခွင်တွေ..တိုင်းတာတဲ့ခွက်တွေလည်းမရှာအားပါဘူး..။ ကိုယ်တိုင်လုပ်တဲ့ဟင်းထုပ်လေး ဓာတ်ပုံလိုချင်လို့ လက်မှန်းနဲ့ လုပ်ခဲ့တာ..။ ကံကောင်းပီး အဆင်ပြေသွားခဲ့တယ်..။ လုပ်နည်းရေးတော့.. ကိုယ်လုပ်နေကြ တခြားသော အသီးအရွက်တွေရဲ့ အချိုးနဲ့ ခန့်မှန်းပီး ရေးထားတာပါ၊ မုန်ညှင်းကို များများ ထည့်ပီး ဆန်မှုန့်ကို တွဲကပ်ပေးတဲ့ အရာ အဖြစ်ဘဲ အသုံးပြုထားပါတယ်။ သူများတွေက မုန်ညှင်းဖူးပေါင်းလို့ ခေါ်ကြတယ်..မမီးက မုန်ညှင်းဖူး ဟင်းထုပ်လို့ ဘဲခေါ်ပါမည်..။ ရိုးရာနည်းအတိုင်းလုပ်သူတွေ မည်သို့ လုပ်လေသည် ကိုယ်မသိဘဲ.. ကိုယ်လုပ်ချင်သလို လုပ်ထားတာမို့ ကိုယ်ကြိုက်သလို အမည်တပ်ပါရစေရှင်..။
ပါဝင်ပစ္စည်းများ
1. ထိုင်း ဆန်မှုန့် ၄၀ ဂရမ် (၂ကျပ်ခွဲသားခန့်)
2. ပလောပီနံ ကော်မှုန့် ၁ လက်ဘက်ရည်ဇွန်း
3. ဆီ ၄ စားပွဲဇွန်း
4. ရေ သင့် ရုံ
5. ဆား သင့် ရုံ
6. သကြား အနည်းငယ်
7. မုန်ညှင်းဖူး ၁၅၀ ဂရမ်
8. ခရမ်းချဉ်သီး ၁ လုံး
9. ဖက် ၃-၄ ထုပ်စာ
တွဲဘက်စားသုံးရန်
1. ငရုပ်သီးကြော်
2. ကြက်သွန်ဖြူကြော်ဆီချက်
3. နံနံပင်
4. ဂေါ်ဖီ
5. ဆန်လုံးစီကြော်၊ တိုဟူးကြော်၊

ပြုလုပ်နည်း
1. မုန်ညှင်းဖူးရဲ့ အရင်းပိုင်းအရင့်များကို ဖြတ်ထုတ်ပီး၊ ရေဆေး ရေစစ်ထားပါ။ ခရမ်းချဉ်သီးကို အစေ့ထုပ်ပီး ကြမ်းကြမ်းလှီးထားပါ။
2. ပါဝင်ပစ္စည်း ၁ မှ ၆ အထိကို ဇလုံ တခုတွင် သမအောင် ရောနယ်ပါ။
3. ဆန်မှုန့် အနှစ်ထဲ ခရမ်းချဉ်သီး၊ မုန်ညှင်းဖူးများ ထည့်နယ်ပါ ၊ ဆန်မှုန့် ရည်ကခပ်ပြစ်ပြစ်လေး ဖြစ်နေရပါတယ်။ ဖက်တွင်ထည့်ပီး နှစ်သက်သလို ထုတ်ပါ။
4. အဖုံးလုံသော အိုးတွင် ရေ ၁လက္မခန့်ထည့်၊ ဇကာခံပီး ၂၀ မိနစ်ပေါင်းပါ။

Credit : Facebook Shares

Ingredients

Directions