နွားနို့ယို

1

နွားနို့ယို

နွားနို့ယိုကတော့ တချို့တွေလဲ လုပ်တတ်ကြမှာပါ။ လုပ်နည်းမေးထားတဲ့သူတွေအတွက်တင်ပေးလိုက်ပါတယ်။ အိမ်မှာပဲ နွားနို့စစ်စစ်နဲ့ပြုလုပ်ပြီး သန့်သန့်ရှင်းရှင်းစားချင်တဲ့သူတွေအတွက် အလွန်လွယ်ကူပါတယ်။ လုပ်ရတာတော့ အချိန်နည်းနည်းကြာပါတယ်။ ဒီနည်းကလဲ အိစံငယ်ငယ်ထဲက အိမ်မှာအဖွားလုပ်တိုင်း ဝင်ဆော့နေကြပေါ့။ ခဏ ခဏတော့ မွှေနေရပါတယ်။ အိမ်မှာလုပ်ရင်တော့ အများကြီးလဲ၇ပြီး သန့်ရှင်းတာမို့လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ
၁။ နွားနို့- ၄ လီတာ
၂။ သကြား - ထမင်းစားဇွန်း ၁၆ ဇွန်း (သို့) ၁ ခွက်
၃။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ နွားနို့ကို အိုးကြီးကြီးတလုံးထဲမှာ ပွက်လာအောင်တည်ပါ။ (နွားနို့ကို အိုးနဲ့ကွက်တိထည့်ရင် နွားနို့ပွက်ရင် ဝေတတ်တာမို့အိုးအကြီးထဲမှာထည့်ရျ်တည်ပါ။ ပွက်လာတာကို သတိထားကြည့်ပါ။သတိမထားမိရင် ဝေကျတတ်ပါတယ်။)
၂။ နွားနို့ပွက်လာလျှင် မီးအေးအေးဖြင့် ပြောင်းရျ်တည်ပါ။ သကြားနှင့်ဆားကို ထည့်ပါ။ ခဏ ခဏ မွှေပေးပါ။ မလိုင်တက်လာတိုင်းမွှေမွှေပေးပါ။
၃။ မီးအေးအေးဖြင့်တည်လျှင် ဆက်တိုက်မွှေနေစရာမလိုပါ။ ၁၀ မိနစ်တခါလောက်မှမွှေရင်၇ပါတယ်။
၄။ မီးဖိုမီးအားပေါ်မူတည်ပြီး ၁ နာရီ (သို့) ၁ နာရီခွဲလောက်တည်အပြီးမှာ အရမ်းပစ်လာပါလိမ့်မည်။အရမ်းပစ်လာလျှင် မီးအားပြင်းပြင်းကို ပြောင်းတည်ပြီး ဆက်တိုက်မွှေပေးပါ။
၅။ မွှေရင်းနဲ့မလိုင်အဖတ်ဖတ်တွေဖြစ်လာပြီး ရေခမ်းလာပါလိမ့်မည်။ ရေကုန် လျှင် မီးဖိုပေါ်မှချရျ်အအေးခံထားပါ။ အေးသွားလျှင် သကြားရည်များအနည်းငယ်ထွက်လာပါလိမ့်မည်။ နွားနို့ယိုရပါပြီ။
၆။ နွားနို့ယို ကိုလေလုံသောဗူးထဲ၊ရေခဲသေတ္တာထဲထည့်ရျ် ၂ ပတ်လောက်ထားပြီး ပေါင်မုန့်၊ဘီစကစ်၊ မုန့်ကြွပ်တို့ဖြင့် တွဲရျ်သုံးဆောင်နိုင်ပါတယ်။

Credit : Facebook Shares

Ingredients

Directions