မလိုင်ပေါက်ဆီ

1

မလိုင်ပေါက်ဆီ (အိမ်တော်ရာဘုရားမှာရောင်းတဲ့ မလိုင်ပေါက်ဆီ)

အိစံက မန္တလေးသူ။အိစံတို့ အိမ်က အိမ်တော်ရာတောင်ပေါက်က စိုင်ပြွန်ဝန်းပါ။ စိုင်ပြွန်ဝန်းကို တချို့တွေလဲ သိကြမှာပါ။ အဲတာကတော့ အိစံတို့ရဲ့နွေးထွေးတဲ့ အိမ်လေးပေါ့နော်။ ပြောချင်တာကတော့ အိမ်တော်ရာ ဘုရားနားမှာနေတော့ အိမ်တော်ရာဘုရားပွဲတွေမှာ ရောင်းတဲ့မလိုင်ပေါက်ဆီသိပ်ကြိုက်ပေါ့။ အခုဝါတွင်း ပြီးရင် ဘုရားပွဲစတော့မှာဆိုတော့ စားချင်စိတ်လေးကပြန်ဖြစ်လာပြီး လုပ်ဖြစ်သွားတယ်။(မန်ထိုပေါက်ဆီလုပ်နည်းတော့ နောက်မှရေးပေးတော့မယ်နော်။ မလိုင်ပေါက်ဆီစားချင်တာနဲ့လုပ်စားတာ မန်ထိုလုပ်နည်းကို ဓါတ်ပုံရိုက်ဖို့မေ့သွားတယ်။)အခုက မလိုင်ပေါက်ဆီ လုပ်နည်းအရင်ရေးပေးလိုက်ပါတယ်။ အီအီဆိမ့်ဆိမ့် ချိုချိုနဲ့လူကြိုက်များတဲ့ မလိုင်ပေါက်ဆီကို လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ (တပွဲစာအတွက်)
၁။ ပေါက်ဆီအလွတ် (မန်ထို) - ၂ လုံး
၂။ နွားနို့ပူပူ - ၁ ခွက် (240 ml)
၃။ နို့စိမ်း - ထမင်းစားဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်း
၄။ ထောပတ်အရည် - လက်ဖက်ရည်ဇွန်း တ ဝက်
၅။ မလိုင် - ထမင်းစားဇွန်း ၁ ဇွန်း
၆။ နို့ဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၈။ သီဟိုဉ်စေ့ - အနည်းငယ်
၉။ အုံးသီးခြစ်ဖတ် - အနည်းငယ်
၁၀။ စပျစ်သီးခြောက် - အနည်းငယ်
၁၁။ ဖရုံယို - အနည်းငယ်
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ နွားနို့ကို ပူကျက်နေအောင်လုပ်ထားပါ။
၂။ ပန်းကန်ထဲမှာ ပေါက်ဆီအလွတ်ကို ထည့်ပြီး တခုစီကို ၂ ပိုင်းဖြစ်အောင် ကပ်ကြေးဖြင့် ညှပ်ထားပါ။
၃။ ပေါက်ဆီ ပေါ်ကို နွားနို့ပူပူဆမ်း၊ မလိုင် နှင့် နို့စိမ်းထည့်၊ နို့ဆီကို အနှံ့ဆမ်း၊ သကြား၊ သီဟိုဉ်စေ့၊ အုံးသီးခြစ်ဖတ်၊ စပျစ်သီးခြောက်၊ ဖရုံယို တို့ကို အနှံ့ဖြူး၊ နောက်ဆုံးမှ ထောပတ်အရည်လေးကို အနှံ့ဆမ်းရျ် သုံးဆောင်နိုင်ပါပြီ။

Credit : Facebook Shares

Ingredients

Directions