နို့ထမင်း

1

နို့ထမင်း (မြန်မာနိုင်ငံက နွားနို့သည်တွေရောင်းတဲ့ အတိုင်းလုပ်ထားတာပါ။)

ဒီနိုင်ငံမှာ နို့ထမင်း(rice pudding) တွေရှိပေမယ့် မြန်မာပြည်က နို့ထမင်းတွေလောက်စားမကောင်းဘူး။ အိမ်က သားသားရယ် အိစံရဲ့အဒေါ်ရယ်က နို့ထမင်းအရမ်းကြိုက်ကြတယ်။ အိစံ မုန့်တွေလုပ်လွန်းလို့နို့ထမင်းလုပ်ကြည့်ဖို့ခနခန ပြောတာနဲ့ လုပ်ကြည့်ဖြစ်တယ်။ မြန်မာပြည်က နို့ထမင်းသည် ကြီးပြောပြထားသလို ဆန်မှုန့်ကိုလဲထည့်ုသုံးထားပါတယ်။ ထမင်းပေါင်းအိုးနဲ့ချက်တဲ့နည်းမို့လွယ်ကူပါတယ်။ ချက်ရတာတော့ နည်းနည်းကြာတယ်။ နို့ထမင်းကြိုက်တဲ့သူတွေအတွက် ကော ကလေးလေးတွေအတွက်ကော ကြိုက်မယ့်နည်းလေးပါ။ မြန်မာနိုင်ငံက နို့ထမင်းတွေလို တင်းတင်းလေးရဘို့အတွက် နည်းမျိုးစုံနဲ့စမ်းကြည့်ပြီး ဒီနည်းကတော့ တကယ်ကိုတူတဲ့ နည်းပါ။ လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ
၁။ ဆန် - ၁ ခွက် (ပေါင်းအိုးမှာပါသော ဆန်ချိန်ခွက်)
၂။ ဆန်မှုန့်- ခွက် တ ဝက်(ပေါင်းအိုးမှာပါသော ဆန်ချိန်ခွက်)
၃။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံ သုံးပုံ
၄။ အဆီမထုတ်၇သေးသော နွားနို့(whole milk)

(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ဆန်ကို ရေအရင်ဆေးပါ။ ပြီးလျှင်ပေါင်းအိုးထဲတွင် ဆန် ကိုရေဆေးပြီး ဆန်နှင့် နွားနို့ကို ရေအမှတ်၂ မှာထည့်ပြီး ထမင်းချက်သလိုချက်ပါ။
၂။ ထမင်းကျက်လျှင် ကပ်နေသော ထမင်းများကို ဆန်ကောသော ဂေါ်ဖြင့် ခွာပြီး ဖိချေပေးပါ။ပြီးလျှင် ထိုထမင်းအိုးထဲသို့ဆန်မှုန့်၊ဆား နှင့် နွားနို့ကို ရေအမှတ် ၂ မှာထားရျ် ထည့်ပြီး သမအောင်မွှေပါ။ ထမင်းချက်သလိုထပ်ချက်ပါ။
၃။ ကျက်လျှင် ၁၅ မိနစ် ခန့်နှပ်ထားပါ။
၄။ မြန်မာပြည်မှ နို့ထမင်းကို ထန်းလျက်ရည် (သို့) သကြားဖြင့် သုံးဆောင်နိုင်ပါပြီ။

Credit : Facebook Shares

Ingredients

Directions