ငါးရံ့ဆီပြန်အစပ်ချက်

1

ငါးရံ့ဆီပြန်အစပ်ချက်

ငါးရံ့..............................၅၀ကျပ်သား
ကြက်သွန်နီ........................၁ လုံး
ကြက်သွန်ဖြူ.......................၅တက်
ခရမ်းချဉ်သီးမှည့်...................၅လုံး
ငရုတ်သီးခြောက်တောင့်...... ၇တောင့်
ဆီ......................................၃ ဇွန်း

ငါးရံ့ကိုဈေးကဝယ်ကတည်းကခေါင်းဖြုတ်
အကြေးခွံထိုးခိုင်းခဲ့ပါတယ်။

အကောင်လိုက်ရေဆေးပြီး မိမိနှစ်သက်သလို
အကွင်းလိုက်လှီးပါ။

ဆား၊ဟင်းခတ်မှုန့်၊နနွင်းလေးထည့်ပြီးအရသာနယ်နှပ်ထားပါ။

ငရုတ်သီးခြောက်တောင့်တွေကိုအညှာခြွေပြီးရေနွေးစိမ်ထားပါ။

အနည်းငယ်ပွလာလျှင်ကြက်သွန်နီ၊ ဖြူ.၊ ငရုတ်သီးခြောက်တောင့်များကို
ရောပြီးညှက်အောင်ထောင်းပါ။

ခရမ်းချဉ်သီးတွေကိုလည်းနုပ်နုပ်စင်းပါ။

ဒယ်အိုးတစ်လုံးမှာဆီ၊ နနွင်းမှုန့်အနည်းငယ်၊ အရောင်တင်မှုန့်၊ထောင်းထား
သောအရော၊ ခရမ်းချဉ်သီး၊ ဆား၊ ဟင်းခတ်မှုန့်ထည့်ပြီးရေအနည်းငယ်ဝိုက်ကာ
မီးအေးအေးမှာဆီပြန်အောင်ချက်ပါ။

ဆီပြန်သွားပြီဆို အရသာနယ်ထားတဲ့ငါးရံ့ကွင်းတွေကိုဖြန့်ထည့်ပါ။

ရေအနည်းငယ်ထပ်ဖြည့်ပြီးနောက်တစ်ကြိမ်
ဆီပြန်အောင်ချက်ပါ။

နံနံပင်၊ပင်စိမ်း၊ရှမ်းနံနံစသည့်မိမိနှစ်သက်တဲ့ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးအုပ်ပေးပါ။

Credit : Facebook Shares

Ingredients

Directions