ကြက်ရိုး၊ဝက်ခေါက်နှင့်မုန်ညှင်းစိမ်းဟင်းရည်

1

ဒီဟင်းပွဲမှာသုံးထားတဲ့ဝက်ခေါက်ကတော့ဟော့ပေါ့တွေထဲမှာထည့်လေ့ရှိတဲ့ဝက်ခေါက်ပြင်ကြီးဖြစ်ပါတယ်။ရန်ကုန်မြို့လမ်းမတော်သံဈေးတစ်ဝိုက်မှာရနိူင်ပါတယ်။ မုန်ညှင်းစိမ်းကလဲကြေးအိုးထဲထည့်တဲ့ရိုးရိုးမုန်ညှင်းစိမ်းမျိုးမဟုတ်ပဲသူ့အရိုးကဝက်ခေါက်တွေလိုအခေါက်ထူထူရှိတာကြောင့်ဝက်ခေါက်မုန်ညှင်းလို့လဲခေါ်ပါတယ်(ရှမ်းပြည်ဒေသထွက်ကုန်တွေရောင်းတဲ့ဆိုင်မျိုးမှာရနိူင်ပါတယ်)

ကြက်ခေါင်း၊ခြေထောက်ရိုး........၂၀ကျပ်သား
ဝက်ခေါက်ပြင်........................၅ကျပ်သား
ဝက်ခေါက်မုန်ညှင်းစိမ်း.............၃ပင်
ချင်းသေးသေး.........................၁တက်
ကြက်သွန်ဖြူ...........................၃တက်

ကြက်ခေါင်း၊ခြေထောက်တွေကိုသန့်စင်ပြီးအတုံးငယ်လေးများတုံးကာအရသာထည့်၊ချင်းဓားပြားရိုက်ထည့်ပြီးပြုတ်ပါ။

ဟင်းရည်ကြည်လင်စေရန်အတွက်အမြှုပ်နှင့်အညစ်အကြေးများခပ်ထုတ်ပါ။

ထိုစဉ်အချိန်အတွင်းဝက်ခေါက်ပြင်ကိုရေအေးစိမ်ပြီးအိလာပါက ခပ်စောင်းစောင်းပါးပါးလှီးပါ။

ဝက်ခေါက်မုန်ညှင်းတွေကိုလဲသန့်စင်ပြီးသင့်တောိသလိုလှီးဖြတ်ပါ။

ကြက်ရိုးနူးလာပြီဆို ကြက်သွန်ဖြူ ကိုဓားပြားရိုက်ထည့်ပါ။

လှီးထားတဲ့ဝက်ခေါက်တွေနဲ့ မုန်ညှင်းစိမ်းတွေထည့်ပါ။

မုန်ညှင်းစိမ်းတွေအရောင်မပြောင်းခင်ငရုတ်ကောင်းမှုန့်လေးခပ်ပေးကာမီးဖိုပေါ်မှချပါ။

ချဉ်ငံစပ်ကြိုက်တတ်သူတွေအတွက်ဆား၊ငရုသီးစိမ်းနုပ်နုပ်စဉ်း၊သံပုရာရည်လေးညှစ်ကာသုံးဆောင်နိူင်ပါသည်။

Credit : Facebook Shares

Ingredients

Directions