ငါးကြင်းတုံးနှင့်ငါးပိရည်ကျိုချက်

1

ငါးကြင်းတုံးနှင့်ငါးပိရည်ကျိုချက်
°°°°°°°°°°°°°°°°°°°°°°°°

ငါးကြင်းဖြူ. ...............၃၀ကျပ်သား
ငါးပိရည်ကျို...............၁၀ကျပ်သား
ကြက်သွန်နီ...............၂လုံး
ကြက်သွန်ဖြူ ..............၇တက်
ငရုတ်သီးစိမ်း.. ...........၁၀တောင့်
ကုလားအော်သီး..........၂တောင့်
ငရုတ်လှော်မှုန့်............၁ဇွန်း

ငါးကိုရေစင်စွာဆေးပြီးတစ်လက်မအရွယ်အတုံးငယ်များတုံးပြီးဆားအနည်းငယ်ဖြင့်အရသာနယ်ထားပါ။

ငါးပိရေကျို ကိုနနွင်းမှုန့်အနည်းငယ်နှင့်အတူကျနေအောင်ကျို ပြီးစစ်ယူထားပါ။

ကြက်သွန်နီကိုမီးဖုတ်ပြီးကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်း၊ကုလားအော်သီးများကိုရောပြီးလှော်ပါ။

အားလုံးကိုခပ်ကြမ်းကြမ်းလေးထောင်းပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးထောင်းထားသောအရောကိုဆီသတ်ပါ။

အနည်းငယ်မွှေးလာလျှင်ဆားနယ်ထားသောငါးတွေကိုရေပြန်ဆေးပြီးထည့်ပါ။

‌ငါးအသားတွေအနည်းငယ်မာလာလျှင်စစ်ထားတဲ့ငါးပိရည်တွေထည့်ပါ။ငရုတ်လှော်မှုန့့်လေးလဲပေါင်းထည့်ပါ။

ဟင်းခတ်မှုန့် ဖြင့်အရသာဖြည့်ပေးပါ။

‌မိမိနှစ်သက်သလိုအပျစ်၊အကျဲလေးကိုချိန်ဆပြီးမီးဖိုပေါ်မှချပါ။

မိမိနှစ်သက်ရာတို့စရာများဖြင့်တွဲဖက်ပါ။
ကျွန်တော်တို့ကတော့ ဗူးညွှန့်ပြုတ်၊ကန်စွန်းရွက်ပြုတ်၊ ပိန္နဲသီးပြုတ်၊ ပဲတီချဉ်၊ မြင်းခွာရွက်၊ပူဒီနံရွက်တို့ဖြင့်ပြင်ဆင်ထားပါတယ်။

ဟင်းချက်နည်းများ

Credit : Facebook Shares

Ingredients

Directions