ခရမ်းသီးငါးခူ၊ငါးပိထောင်း

1

ခရမ်းသီးငါးခူ၊ငါးပိထောင်း
°°°°°°°°°°°°°°°°°°°°°°°°

ခရမ်းသီးရှည်..............၃လုံး
ငါးခူသေး....................၁ကောင်
ကြက်သွန်ဖြူ.................၅တက်
ငရုတ်သီးစိမ်းတောင့်နီ.....၁၀တောင့်
ငါးပိ.............................အနည်းငယ်

ငါးခူကိုရေဆေးသန့်စင်ပြီးဝါးတံစို့ထိုးကာကျက်အောင်ကင်ပါ။

ငရုတ်သီးစိမ်းနီ၊ကြက်သွန်ဖြူ တို့ကိုလဲတံစို့ထိုးပြီးကင်ပါ။

ခရမ်းသီးကိုအလုံးလိုက်သံဇကာလေးခံပြီး
ကျက်သည်အထိကင်ပြီးအအေးခံထားပါ။

ငါးပိကိုလဲဇွန်းပြားလေးမှာကပ်ပြီးမီးကင်ပါ။

ငရုတ်ဆုံထဲမှာလှော်ထားတဲ့ကြက်သွန်ဖြူ ၊ငရုတ်တောင့်နီနှင့်ငါးပိတို့ကိုရောပြီးသမသွားအောင်ထောင်းပါ။

ဆား၊ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပါ။

ငါးခူမီးကင်ကိုဖဲ့ခြွေထည့်ပြီးဇွန်းလေးနဲ့သမ
အောင်မွှေပေးပါ။

မီးဖုတ်ထားတဲ့ခရမ်းသီးကိုအခွံခွာပြီး(၃)ပိုင်းသို့မဟုတ်(၄)ပိုင်း ပိုင်းဖြတ်ပြီးထည့်ကာကျည်ပွေ့လေးဖြင့်ဖိချေပေးပါ။

ခရမ်းသီးတွေကြေသွားသည်အထိမထောင်းပါနှင့်။

မိမိနှစ်သက်ရာတို့စရာအရွက်များဖြင့်တွဲဖက်ပါ။
Crd

Credit : Facebook Shares

Ingredients

Directions