ကန်စွန်းဥ သာကူကျို

1

ကန်စွန်းဥ သာကူကျို

ကန်စွန်းဥ သာကူကျိုနည်းမေးထားတဲ့သူတွေအတွက်ရေးပေးလိုက်ပါတယ်။ ကန်စွန်းဥ မကြိုက်ရင်မထည့်ပဲ သာကူကျိုချည်းပဲလုပ်ရင်လဲရပါတယ်။ ပူပူနွေးနွေးလေးနဲ့စားလို့ကောင်းတဲ့ ကန်စွန်းဥ သာကူကျိုကို လုပ်စားရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ သာကူစေ့ - ၁ ခွက် (သို့) ၁၅၀ ဂရမ်
၂။ ရေ - ၅ ခွက် (သို့) ၁၂၀၀ မီလီလီတာ ml ( ကျဲကျဲလေးသောက်ချင်ရင် ရေ ၆ ခွက် (သို့) ၁၅၀၀ ml ထည့်ပါ။)
၃။ ထန်းလျက် - ၁၅ ကျပ်သား (သို့) ၂၀ သား (အချိုကြိုက်လျှင် ၂၀ သားထည့်ပါ။)
၄။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၅။ ကန်စွန်းဥ - အကြီး ၃ လုံး
၆။ အုန်းသီးဖတ်
၇။ အုန်းနို့- ၂၀၀ မီလီလီတာ ml
(၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ခွက်)
(ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml )
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ကန်စွန်းဥကို နူးအိနေအောင်ပြုတ်ပြီးအတုံးလေးတွေတုံးထားပါ။ အုန်းနို့ကိုပွက်အောင်တည်ပြီးအအေးခံထားပါ။ သာကူကိုရေဆေးပြီးရေစစ်ထားပါ။
၂။ ရေ ၅ ခွက်၊ဆားနှင့် ထန်းလျက်တို့ကိုအိုးကြီးကြီးတခုထဲထည့်ပြီး ထန်းလျက်များအရည်ပျော်လာသည်အထိတည်ပါ။ ထန်းလျက်အရည်ပျော်သွားလျှင် ရေစစ်ဖြင့် အမှိုက်များစစ်ပါ။
၃။ ထို့နောက်စစ်ထားသော ထန်းလျက်ရည်ကို မီးဖိုပေါ်မှာပွက်လာအောင်တည်ပါ။ ပွက်လာလျှင် သာကူစေ့များကိုထည့်ရျ် အဆက်မပျက်မွှေပါ။ သာကူစေ့ရဲ့အဖြူအစံများပျောက်လျှင် တုံးထားသော ကန်စွန်းဥများကိုထည့်ရျ် မီးဖိုပေါ်မှချပါ။
၄။ ကန်စွန်းဥသာကူကျိုကိုစားခါနီးလျှင် အုန်းနို့ဆမ်း၊ အုန်းသီးဖြူးရျ် သုံးဆောင်နိုင်ပါပြီရှင်။
#credit

Credit : Facebook Shares

Ingredients

Directions