ပုသိမ် ဟာလဝါ

1

ပုသိမ် ဟာလဝါ (အလွယ်နည်း) (လက်ညောင်းတာ တဝက်ကျော်ကျော်လောက်သက်သာတဲ့နည်း)

အိစံက အရင်က မန ္ကလေးမှာနေတော့ ပုသိမ်ဟာလဝါကို ကြိုက်ပေမယ့် လက်ဆောင်ပေးမယ့်သူ ရှိမှတို့ချောင်းသာသွားမှတို့စားရတယ်။ ချောင်းသာသွားတိုင်းလဲ ပုသိမ်ဟာလဝါတွေ အများကြီး ဝယ်ပြီးစားပလိုက်တယ်။ အခုဒီကိုရောက်တော့ ပုသိမ်ဟာလဝါစားချင်တော့ လုပ်နည်းမေးပြီး လုပ်တာ လက်ကို အရမ်းညောင်းကော။ ဒီနည်းလေးက တော့ လက်ညောင်းတော်တော် သက်သာပြီး ခနခန လုပ်စားဖြစ်တဲ့နည်းလေးပါ။ ထမင်းပေါင်းအိုးနဲ့ ၂ခါ ချက်ပြီးမှ ဒယ်အိုးပေါ်မွှေရတာမို့လက်ညောင်းတာ တော်တော် သက်သာတာပါ။ လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ (ဗန်း အသေး ၁ ဗန်းစာ)
၁။ ကောက်ညှင်းမှုန့်- ၃ ခွက်
၂။ ရေ - ၄ ခွက်
၃။ အုံးနို့- ၁ ဗူး (400 ml)
၄။ နွားနို့- အုံးနို့နှင့် ဆတူ (အုံးနို့ထည့်ပြီး အဲ့ဒီသံဗူးနဲ့နွားနို့ကို ချိန်ထည့်ပါ။)
၅။ ဆား - လက်ဖက်ရည်ဇွန်း တ ဝက်
၆။ သကြား - ၁ ခွက်
၇။ ညောင်စေးကျအောင် ကျိုထားသော ကြံသကာရည် - ၁ ခွက်
၈။ ဆီ - ခွက် တ ဝက် (သို့) ထမင်းစားဇွန်း ၈ ဇွန်း
၉။ အရည်ပျော်နေသော ထောပတ် - ခွက်လေးပုံ သုံးပုံ (သို့) ထမင်းစားဇွန်း ၁၂ ဇွန်း
၁၀။ ဘိန်းစေ့- ခွက် လေးပုံ တ ပုံ (သို့) ထမင်းစားဇွန်း လေးဇွန်း

ပြုလုပ်နည်း
၁။ ထမင်းပေါင်းအိုးထဲကို ကောက်ညှင်းမှုန့်၊ရေ နှင့် ဆားကို ထည့်ရျ် ကောက်ညှင်းမှုန့်ကို အရည်ဖျော်ပါ။ ထို့နောက် ထမင်းချက်သလို ချက်ပါ။
၂။ ကျက်လျှင် ထမင်းပေါင်းအိုးထဲသို့အုံးနို့၊နွားနို့၊ ကြံသကာရည်၊ဆီ၊ ထောပတ်၊သကြားတို့ကို ထည့်ရျ် သမအောင်မွှေ ပြီး နောက်တခေါက် ထပ်ချက်ပါ။
၃။ ဒုတိယတခါကျက်လျှင် မကပ်သော ဒယ်အိုးထဲသို့ပြောင်းရျ် မီးဖိုပေါ် တင်ပါ။ ဘိန်းစေ့ထည့်ပြီး ဆီပြန်လာသည်အထိ မွှေပါ။ (၁၅ မိနစ်ခန့်မွှေ၇ပါတယ်။)
၄။ ဆီပြန်လာလျှင် အအေးခံပြီး သုံးဆောင်နိုင်ပါပြီ။

( ၁ ခွက် = 240ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml) —

crd

Credit : Facebook Shares

Ingredients

Directions