ငှက်ပျောဆနွင်းမကင်း

1

ငှက်ပျောဆနွင်းမကင်း

ဆနွင်းမကင်းတွေထဲမှာတော့ ငှက်ပျောဆနွင်းမကင်းကို အကြိုက်ဆုံးပါပဲ။ အဲတာကြောင့် နည်းအမျိုးမျိုး နဲ့စမ်းလုပ်ကြည့်ခဲ့တယ်။ ဒီနည်းကတော့ အကောင်းဆုံးနဲ့လူကြိုက်အများဆုံးပါပဲ။ ဒီနည်း နဲ့လုပ်ပြီး ၄ နှစ်ဆက်တိုက် နိဗ္မာန် ဈေး မှာရောင်းတာ အရမ်းရောင်းကောင်းလို့အများကြီးလှူ ဖြစ်ခဲ့ပါတယ်။ အဲတာကြောင့် သူများတွေ လဲသိအောင်လို့မျှဝေပေးတာပဲ။ အိစံ နဲ့ခင်တဲ့သူတွေကိုတော့ တော်တော်များများ ပြောပြခဲ့ဘူးပြီးသားပါ။

ပါဝင်သောပစ္စည်းများ (ဘန်းအကြီး ၁ ဘန်းစာ)
၁။ သီးမွှေး ငှက်ပျောသီးမှည့်မှည့် - ၈ လုံး (သို့) သေးရင် ၉ လုံး
၂။ အုံးသီးဖတ် - ၁ ခွက်
၃။ ရွှေကြည် - ၁ ခွက်
၄။ ဂျုံ မှုန့်- ၁ ခွက် နှင့်ခွက်လေးပုံ တပုံ
၅။ သကြား - ၁ ခွက် ခွဲ
၆။ ဆား -လက်ဖက်ရည်ဇွန်း တ ဝက်
ရ။ အုံးနို့- ၄၀၀ ml
၈။ ထောပတ် - ထမင်းစားဇွန် ၈ ဇွန်း (သို့) ခွက် တ ဝက်
၉။ ဘိန်းစေ့ - အနည်းငယ်
၁၀။ စားသောဆိုးဆေး အနီရောင် - ၄ စက် (သို့) ၅ စက် (လျော့ထည့်လို့လဲရပါတယ်။မထည့်လို့လဲရပါတယ်။)

ပြုလုပ်နည်း
၁။ ငှက်ပျောသီးကို လက်ဖြင့် ခြေပါ။ (အရမ်းကျေရန်မလိုပါ။)
၂။ blender ထဲသို့အုံးသီးဖတ်၊ ထောပတ် နှင့် အုံးနို့ကို ထည့်ရျ် မွှေပါ။ (ထောပတ်က ခဲနေတာ ကိုသုံးလျှင် ပိုကောင်းပါသည်။ အရည်ပျော်နေလျျင် အရည်ကျဲကျဲဖြစ်တတ်ပါသည်။ မခဲလျှင် ရေခဲသေတ္တာထဲ ခနထည့်ထားပြီးမှ သုံးလျှင် ပိုကောင်းပါသည်။)
၃။ ဇလုံ တခုထဲတွင် ငှက်ပျောသီး ၊ ခြေထားသောအုံးသီးဖတ် အနှစ်၊ သကြား၊ ဆား၊ ရွှေကြည်၊ ဂျုံမှုန့်၊ ဆိုးဆေး အနီရောင်တို့ကိုရောရျ် သမအောင်မွှေပါ။
၄။ မုန့်ဖုတ်မည့် ဗန်းထဲကို ဆီ (သို့) ထောပတ်သုတ်ထားပါ။ ထို ဗန်းထဲသို့မုန့်အနှစ်များကို ထည့်ပြီး အပေါ်မှ ဘိန်းစေ့များကို ဖြူးပေးပါ။
၅။ ၃၅၀'F (175'C) မှာ အပူပေးထားသော oven ထဲတွင် ၁ နာရီ ထည့်ဖုတ်ပါ။ ပြီးရင် အအေးခံရျ် ကြိုက်နှစ်သက်ရာ အရွယ် ဖြတ်ရျ် သုံးဆောင်နိုင်ပါသည်။
( ၁ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း) ( ထမင်းစားဇွန်း = 1 tablespoon= 15 ml ) ( လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

Credit : Facebook Shares

Ingredients

Directions