ရွှေပဲ မှို နှင့် မုန်လာဥနီ ချဉ်စပ်သုပ်

1

ရွှေပဲ မှို နှင့် မုန်လာဥနီ ချဉ်စပ်သုပ်

ရွှေပဲသီးကို အစေ့ မကြီးသည့် နုသောအသီးကို သုံးပေးပါ။

ရွှေပဲသီး၊ မုန်လာဥနီ နှင့် ကြက်သွန်နီကို လှီးပြီးနောက် ရေခဲသေတ္တာထဲ ၃ နာရီခန့်ထားပြီးမှ သုပ်လျှင် ပိုမိုကြွပ်စေပါတယ်။

ရေခဲသေတ္တာထဲ ကြက်သွန်နီထည့်ပါက အနံ့အပြင်မထွက်စေရန် လေလုံအောင် ဖုံးပေးဖို့ လိုပါတယ်။

အစိမ်းသုံးသည့် အသီး၊အရွက်များ ပြောင်စင်အောင် ရေးဆေးပေးရန် လိုအပ်ပါတယ်။
ရွှေပဲ မှို နှင့် မုန်လာဥနီ ချဉ်စပ်သုပ် အတွက် လိုအပ်တာလေးတွေ…

မှို (king oyster mushroom ) – 400 g
နုသော ရွှေပဲသီး အစိမ်း (snow pea) – အတောင့် ၂၀ ခန့်
၂ ပိုင်းဖြတ်၆ လက်မ အရှည်ခန့် မုန်လာဥနီ – ၁ လုံး
ကြက်သွန်နီ – 1/2 cup (125 ml)ခန့်
ထောင်းထားသော ငရုတ်သီးစိမ်း – လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်
ထောင်းထားသော ကြက်သွန်ဖြူ – လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်
ငါးငံပြာရည် – ထမင်းစားဇွန်း ၄ ဇွန်း
သံပုရာ(ရို)ရည် – ထမင်းစားဇွန်း ၄ ဇွန်း
နှမ်းလှော်ထောင်း – ထမင်းစားဇွန်း ၂ ဇွန်း

ရေဆေးထားသောမှိုကို ပွက်ပွက်ဆူနေသော ရေထဲထည့်ပြီး မှိုအမျိုးအစားပေါ်မူတည်၍ ၁ မိနစ်ခွဲ နှင့် ၂ မိနစ်ကြား အိုးမဖုံးပဲ ပျော့ယုံ ပြုတ်ပါ။ (ရေပေါ် ပေါ်နေသည့်မှိုများအား ဇွန်းဖြင့် ဖိချ၍ ပြုတ်ပေးပါ။)
ပြီးသည်နှင့် ချက်ချင်း ရေအေးလောင်းပါ။ အေးသွားလျှင် ဆယ်ထုတ်ရေစစ်ကာ ပါးပါးရှည်ရှည်ဖြစ်အောင် လှီးထားပါ။

ရွှေပဲသီး အစိမ်းကို ထိပ် ၂ ဖက်ဖြတ်ကာ ပါးပါးရှည်ရှည်ဖြစ်အောင် လှီးထားပါ။
မုန်လာဥနီကို ၂ ပိုင်းဖြတ်ပြီး ပါးပါးရှည်ရှည် အချောင်းများဖြစ်အောင်လှီးကာ ၅ မိနစ်ခန့် ရေစိမ်၍ ရေစစ်ထားပါ။
ကြက်သွန်နီကို ပါးပါးလှီးပြီးနောက် ရေဆေးထားပါ။

ပြီးနောက် ပါဝင်ပစ္စည်းများအားလုံး ဇလုံထဲထည့်ကာ ခပ်ဖွဖွရောနယ်သုပ်လိုက်လျှင် ချဉ်စပ်သော အရသာ၊ အိသောမှို၊ ကျိုးကြွပ်ချိုမြသော ရွှေပဲသီး နှင့် မုန်လာဥနီ၊ မွှေးလှသော နှမ်းထောင်းတို့ဖြင့် စားကောင်းလှသော ရွှေပဲ မှို နှင့် မုန်လာဥနီ ချဉ်စပ်သုပ် အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Credit : Facebook Shares

Ingredients

Directions