ကန်ဇွန်းရွက်ကင်းမွန်သုပ်

1

ကန်ဇွန်းရွက် squidသုပ်

ကြက်သွန်နီ ဆီချက်လေး စချက်ရအောင်…

ဆီ – ဟင်းခပ်ဇွန်းကြီး ၃ ဇွန်းခန်.
ပါးပါးလှီးထားသော ကြက်သွန်နီ – ဟင်းခပ်ဇွန်းကြီး ၂ ဇွန်းခန်.
အရောင်တင်မှုန်. – လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန်.

High Heat နှင့် ဆီထဲ ထည့်မွှေကြော်ထားသည့် ကြက်သွန်ဖတ်များ ဝါညိုရောင်သန်းလာလျှင် Medium Heat သို.လျှော့ချပြီး အရောင်တင်မှုန်.ထည့်ကာ ၁ မိနစ်ခန်. မွှေကြော်လိုက်လျှင် ကြက်သွန်နီ ဆီချက်ကိုရပါပြီ။
ပိုနေသည့် ကြက်သွန်နီ ဆီချက်များကို လေလုံဗူးထဲ ထည့်သိမ်းထားပါ။

ကန်ဇွန်းရွက်စိမ်း squid သုပ် အတွက် လိုအပ်တာလေးတွေ…

ရေဆေးကာ လက်ဆစ်တစ်ဝက်အရှည်ခန်.လှီးထားသော ကန်ဇွန်းရွက်အစိမ်း – ထမင်းပန်းကန်ပြား မောက်မောက် (အရွက်များကို အစိမ်းစားမှာဖြစ်၍ ပြောင်စင်အောင်ဆေးပေးပါ။)
ပါးပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ အရွယ်လတ် – ၁ လုံး
အစေ့ထုတ်ကာ ပါးပါးလှီးထားသော ခရမ်းချဉ်သီး အကြီး – ၂ လုံး
ရေပူပူထဲ ၃ မိနစ်ခန်. ထည့့်ပြုတ်ကာ ပါးပါးလှီးထားသော squid (or) cuttlefish – ကီလိုဝက် (ကင်းမွန်၊ ပြည်ကြီးငါး ကြိုက်နှစ်သက်ရာ သုံးနိူင်ပါတယ်)
ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – စပ်လေကောင်းလေ
အရသာမှုန်. – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
မြေပဲလှော်ထောင်း – ထမင်းစားဇွန်း ၆ ဇွန်း
ကြက်သွန်နီ ဆီချက် ထဲမှ ကြက်သွန်ဖတ် – ထမင်းစားဇွန်း ၃ ဇွန်း
ကြက်သွန်နီ ဆီချက် ထဲမှ ဆီ – ထမင်းစားဇွန်း ၃ ဇွန်း
သံပုရာရည် – ကြိုက်နှစ်သက်သလို ထည့်ရန်

အားလုံးကို ဇလုံထဲထည့်ကာ ဖွဖွလေးရောနယ်သုပ်လိုက်လျှင် ကန်ဇွန်းရွက်စိမ်း squid သုပ်လေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

ဝက်ဆီပြန် အိအိလေး၊ ပုဇွန်စိတ် စပ်ဆီးအုပ်၊ ဝက်ရိုး စွန်မထန်ဟင်းရည် ချဉ်စပ် တို.နှင့် တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

Credit : Facebook Shares

Ingredients

Directions