လှည်းတန်းရဲ့ မူလလက်ဟောင်း လှည်းတန်းကဖေး ထွန်းစေတနာ
လှည်းတန်းမှာ ဆိုင်တွေများလာတာနဲ့ ဘာစားလို့ စားရမလဲ မသိဘူးဆို လှည်းတန်းကဖေးလို့ လူသိများတဲ့ ထွန်းစေတနာ ဆိုင်လေးနဲ့ မိတ်ဆက်ပေးမယ်
လလယ်လောက်လဲ ရောက်လာပြီဆိုတော့ အားလုံးမျှော်လင့်နေတဲ့ Budget ဆိုင်မျိုးလေးလဲ ဖြစ်ရမယ်ပေါ့နော်
ထွန်းစေတနာရဲ့ “ကြာဇံချက်” ဆို လှည်းတန်းနားတစ်ဝှိုက် မသိတဲ့သူ ချက်ရှားရှားပဲ
လှည်းတန်းမှာ သင်တန်းပြီးလို့ဖြစ်ဖြစ် စျေးဝယ်ပြီးလို့ဖြစ်ဖြစ် ပြီးရင် ကြာဇံချက် ပူပူလေးသွားစားလိုက်ရမှယိုးဒယား”ချဉ်ငံစပ်”အထောင်းတွေ စုံစုံလင်လင်ရပြီးတော့
ပင်လယ်စာဆိုရင် “ပင်လယ်စာအစုံထောင်း/သုပ်၊ပင်လယ်စာမြေအိုးမြှီးရှည်၊ပင်လယ်စာခဲဖတ်ပေါင်း၊ပင်လယ်စာမြေအိုးထမင်း စတဲ့ ပင်လယ်စာ ထူးထူးခြားခြားတွေ ရှိတယ်။
ထွန်းစေတနာရဲ့ လူကြိုက်များတဲ့ ဟင်းလျှာတွေဆိုရင်တော့ကြာဇံချက်
နံရိုးမီးတောက်
ထမင်းသုပ်
ပုဇွန်မာလာ
ပင်လယ်စာခဲပတ်ပေါင်း နဲ့
မာလာရှမ်းကောတို့ပဲ ဖြစ်ပါတယ်။ဆိုင်ပုံစံလေးက သက်တောင့်သက်သာ လွတ်လွတ်လပ်လပ် ထိုင်လို့ တဲ့ပုံစံမျိုးလုပ်ထားပြီးတော့ Aircon အေးအေးနဲ့ ထိုင်လို့ကောင်းတယ်
တစ်ခုရှိတာက ကားပါကင်ကတော့ အခက်အခဲ ရှိတယ်။ လှည်းတန်းဆိုတော့ သိတဲ့အတိုင်း
စျေးနှုန်းတွေကတော့ အနည်းဆုံး ၆၀၀ကျပ်ကနေ အများဆုံး ၁၀,၀၀၀ကျပ်ထိရှိတယ်။
လှည်းတန်းမှာ သင်တန်းပဲတက်တက်၊Shopping ပဲထွက်ထွက် လမ်းကြုံလို့ပဲရောက်ယောက် လှည်းတန်းကဖေး ထွန်းစေတနာဆိုင်လေးကိုသတိရလိုက်နော်ဆိုင်အမည် -ထွန်းစေတနာ (လှည်းတန်းကဖေး)
ဆိုင်ဖွင့်ချိန် -မနက် ၁၀ နာရီမှ ည ၉နာရီ
ရောင်းအားအကောင်းဆုံး -ကြာဇံချက်၊နံရိုးမီးတောက်၊ထမင်းသုပ်၊ပုဇွန်မာလာ၊ပင်လယ်စာခဲပတ်ပေါင်း၊ပင်လယ်စာအစုံထောင်း
စျေးနှုန်း – ၆၀၀ကျပ် မှ ၁၀,၀၀၀ကျပ်
အစားအစာအမျိုးအစား -မြန်မာအစားစာ၊ယိုးဒယားအစားအစာ
ထူးခြားချက် -စျေးနှုန်းသက်သာ
လိပ်စာ – အမှတ်(၉)၊မြေညီထပ်၊ဦးထွန်းလင်းခြံလမ်း၊လှည်းတန်းမြို့နယ်
ဖုန်း – 09 254 114 190
Shop Name – Htun Saytanar (Hle Dan Cafe)
Opening Time – 10am to 9pm
Best Seller – Kyar Zan Chat, pork rib flame,rice salad,Mala Shrimp,stream seafood,seafood salad,Mala Xian Gou
Price Range – 600 MMK to 10,000MMK
Special Feature – fair price
Address – No(9),ground floor,U Tun Lin Chan street, Hle Dan township,Yangon
Phone -09 254 114 190
No Records Found
Sorry, no records were found. Please adjust your search criteria and try again.
Google Map Not Loaded
Sorry, unable to load Google Maps API.