လှည်းတန်းမှာ တို့ဆေးနဲ့တို့ခံရပြီး မာလာရှမ်းကောဆိုင် ရောက်သွားတယ်…
ဒီရက်ပိုင်းThe Unique ရဲ့မာလာရှမ်းကော တို့ဆေးလေး ခဏခဏမိနေပါတယ်နော်
မိဆို စျေးကတော်တော် လေးတန်ပြီး အများကြီးပါတယ်။
အစကတော့ဒီဆိုင်လေးကအစထဲက စျေးတန်ပြီး အရသာရှိတော့ လူတွေများလို့ မင်မင်
တို့ကကြိတ်ပြီး တိတ်တိတ်လေးနေပေမဲ့
အစားချစ်သူတွေကို ချစ်လို့အားလုံး သိအောင်ဖွင့်ချလိုက်ပြီနော်
ဒီဆိုင်လေးက မာလာရှမ်းကော တစ်ခုထဲမဟုတ်ပဲနဲ့ အခြားအရသာရှိတဲ့ ဟင်းပွဲတွေလဲရနိုင်တယ် ဒါတွေကတော့
- ယိုးဒယားအထောင်းအစုံ(ပြည်ကြီးငါးထောင်း၊ကျောက်ပွင့်ထောင်း၊မြှီးရှည်ထောင်း၊ကြာဇံထောင်း)
- အသုပ်အစုံ(ဝက်အူနုသုပ်၊ပြည်ကြီးငါးရခိုင်သုပ်၊ကြက်ခြေထောက်သုပ်၊သခွားသီးသုပ်)
- အကြော်အစုံ(သီးရွက်စုံတန်ပူရာ၊ငါးသားချောင်းကြော်၊အာလူးချောင်းကြော်၊ပုဇွန်တန်ပူရာ၊ပုဇွန်အာလူးလိပ်၊ရွှေအပ်မှိုတန်ပူရာ၊မာလာအာလူးချောင်းကြော်)
- ဟင်းရည်အစုံ(ကြက်စမုံစပါးဟင်းရည်၊စွန်တန်ဟင်းရည်၊မုန့်ညှင်းဖြူအသားလုံးဟင်းရည်၊ကြက်ချဉ်စော်ကားသီးဟင်းရည်)
စျေးနှုန်းတွေကလည်း ၁၂၀၀,၁၅၀၀,၂၀၀၀ ပဲရှိတယ်။Milk Tea သရဲတွေအတွက် Milk Tea တွေလဲရသေးတယ်
စျေးတန်ပြီး အရသာလဲရှိတဲ့ ဆိုင်ကောင်းလေးတော့ ပြောပြီးပြီနော်သွားမစားရင်တော့ တို့ဆေးနဲ့တို့ခေါ်သွားမှာ။
ဆိုင်အမည် -The Unique Restaurant
ဆိုင်ဖွင့်ချိန် -မနက် ၁၀:၃၀ မှ ည၉:၀၀ထိ။
ရောင်းအားအကောင်းဆုံး -မာလာရှမ်းကော၊သဘ်ောသီးထောင်း၊ပြည်ကြီးငါးထောင်း၊ပြောင်းဖူးထောင်း။
စျေးနှုန်း – မာလာရှမ်းကော ( ၁ဂရမ် ၇၀၀ မှ ၂၀၀၀ ကျပ်ထိ)
အစားအစာအမျိုးအစား -တရုတ်၊ယိုးဒယား။
ထူးခြားချက် – ဈေးနှုန်းသက်သာခြင်း။
အထူးပရိုမိုးရှင်း -၅၀၀၀ကျပ် ဖိုးအားပေးတိုင်း ကူပွန်တံဆိပ်ခေါင်း တစ်ခုလက်ဆောင်(ကူပွန်တံဆိပ်ခေါင်း ၁၀ ခု=ကြိုက်နှစ်သက်ရာအအေးတစ်ခွက်)
လိပ်စာ – တိုက်အမှတ်(၁)၊ဇေယျာသီရိလမ်း ၊ကမာရွက်မြို့နယ်၊ရန်ကုန်မြို့။
ဖုန်း -ဝ၉၄၀၆၂၆၅၀၃ဝ။
[ English Version ]
Shop Name – The Unique Restaurant
Opening Time – 10:30 AM to 9:00 PM
Best Seller – Mala Xio Gor, Papaya Salad,Corn Salad,Squid Salad
Price Range – (1g up 700MMK to 2000MMK )
Special Feature – Cheep Prices for Food
Special Promotion – exchange 1 coupon for any 5000MMK )
Address -No.1,Zayarthiri Street,Kamaryaut Township ,Yangon.
Phone -09406265030.
No Records Found
Sorry, no records were found. Please adjust your search criteria and try again.
Google Map Not Loaded
Sorry, unable to load Google Maps API.