ငါးနီတူမန်ကျည်းအနှစ်ကြော်

1

(1)ငါးနီတူကိုရေဆေးပြီး ရေစစ်ထားပါ။ ( ယင်မနားစေရန် ပိုးသတ်ဆေးများသုံးတတ်၍ရေဆေးခိုင်းခြင်းဖြစ် )

(2)မန်ကျည်းသီးရေနည်းနည်းဖြင့်ခပ်ပျစ်ပျစ်ရေဖျော်ထားပေးပါ။

(3)ပါးပါးလှီးထားသောကြက်သွန်ကို ဆနွင်းအနည်းငယ်ထည့်ထားသော ဆီပူပူမှာ ရဲရုံသာကြော်ပြီးဆယ်ကာဆီစစ်ထားပေးပါ။

(4)ပါးပါးလှီးထားသောကြက်သွန်ဖြူကိုလည်းအပေါ်မှနည်းအတိုင်းဆီစစ်ယူထားပေးပါ။

(5)နောက်ဆုံးမှ ငါးနီတူခြောက်ကိုကြွပ်နေအောင်ကြော်ပြီးဆီစစ်ထားပေးပါ။

(6)ဆီဆူဆူမှာ ငရုတ်အကြမ်းဖက်မှုန့်ထည့်မွှေပြီး ချက်ချင်းပင် သုံးမျိုးလုံးကိုရောပြီး မီးအေးအေးဖြင့်မွှေပေးပါ။ သကြားအနည်းငယ် ဆားအနည်းငယ် အချိုမှုန့်အနည်းငယ်ထည့်ပြီး နှံစပ်အောင်မွှေနေပေးပါ။ နောက်ဆုံးမှာမှ ဖျော်ထားသောမန်ကျည်းရည်ခပ်ပျစ်ပျစ်ကို အပေါ်မှဆမ်းကာ မီးအရှိန်အေးအေးဖြင့် ၅မိနစ်ခန့် မွှေပေးပါ။ ဒါဆိုရင် ငါးနီတူမန်ကျည်းအနှစ်ကြော် ဟင်းတခွက်ရပါပြီ။

Credit : Original Chef

Credit : Facebook Shares

Ingredients

Directions