ယိုးဒယားခေါက်ဆွဲကြော်ပြုလုပ်နည်း

1

ခုလုပ်ပြမယ့် ခေါက်ဆွဲကြော် ကတော့ ယိုးဒယား ခေါက်ဆွဲကြော် တစ်မျိုးပါ ။ မူရင်းကတော့ အမဲသားနဲ့ ကြော်တာဖြစ်ပြီး ကျွန်မကတော့ ပုဇွန်သုံးပြီး ကြော်ပါတယ်။

တခြား နှစ်သက်ရာ အသား တစ်မျိုးမျိုးကို အစားထိုးလို့ လည်း ရပါတယ်။ အသီးအရွက်အနေနဲ့ ကိုက်လံ ပါဝင် ပြီး အချို နဲနဲကဲကာ စားလို့ တစ်မျိုး ကောင်းပါတယ်။

ဆန်ပြား ခေါက်ဆွဲကြော်ကို တစ်မျိုးဆန်းသစ် ထားတာပေါ့။

ပါဝင်ပစ္စည်းများ
***********************
ပုဇွန် (အခွံခွာသန့်စင်ထားပါ) - ၈ ကောင်

ဆန်ခေါက်ဆွဲအပြား ၂၂၀ ဂရမ်

ကိုက်လံ အနည်းငယ်

ပဲငံပျာရည် အနောက်စားပွဲဇွန်း တစ်ဝက်

ပဲငံပျာရည်အကြည် စားပွဲဇွန်း ၁ ဇွန်း

ငါးငံပျာရည် လက်ဖက်ရည် ၁ ဇွန်း

ခရုဆီ စားပွဲဇွန်း ၁ ဇွန်း

ကြက်ဥ ၂လုံး

ကြော်နည်း
*************
ဆီစားပွဲဇွန်း ၂ ဇွန်းကို အပူပေးကာ ကြက်ဥထည့် မွှေကြော်ပါ။ ၁ မိနစ်ခန့်ကြာလျှင် ကိုက်လံကိုပါ ထည့်ကြော်ပါ

နောက် ဆန်ပြားခေါက်ဆွဲများကို ထည့်မွှေပါ

တဆက်ထည်းမှာပဲ ပဲငံပျာရည် အကြည်၊ အနောက်၊ ငါးငံပျာရည်နှင့် ခရုဆီပါ ထည့်မွှေပေးပါ။

ပုဇွန်များကိုပါ ထည့်ကာ မီးပြင်းပြင်းနဲ့ ၄ မိနစ်ခန့် ကြော်ပေးလိုက် ရင်တော့ အရသာရှိတဲ့ ယိုးဒယား ခေါက်ဆွဲကြော် အသင့် ဖြစ်ပါပြီ ။

Credit : Facebook Shares

Ingredients

Directions