အာပူလျှာပူ ရခိုင်မုန့်တီ ချက်နည်းလေး

1

အာပူဟင်းရည်
=========
ငါးကို သန့်စင်ပြီး ဆား၊ ဆနွင်းနဲ့ ရေနဲနဲ ထည့်ပြုတ်ပါ။ ကျက်လျှင် အသားသင်ပြီး တစ်ဝက်ကို ချင်း၊ ကြက်သွန်ဖြူနဲ့ ရေခြောက်အောင် လှော်ပြီး အရိုးပြုတ်ရည်အိုးထဲ ထည့်ပါ။
ဆူအောင်တည်ပြီး ပုဇွန်ငပိကို ရေဖျော်ပြီး အရေကြည်လေး စစ်ထည့်ပါ။ ငရုတ်သီးစိမ်း လိုသလောက် ထောင်း ထည့်ပါ။ အချိုငံ မြည်းပြီး ငရုတ်ကောင်း၊ ပတဲကော ထည့်လိုက်ရင် အာပူဟင်းရည် ရပါပြီ။

မုန့်တီသုပ်အတွက်
===========
ငါးဆီသတ်
ငါးဖယ်ကြော်ပါ။
ကြက်သွန်ဖြူ ဆီသက်ထားပါ။
ကျန်တဲ့ ဆီ အနည်းငယ်နဲ့ ငါးအသားတစ်ဝက်ကို ချင်း၊ ကြက်သွန်ဖြူ ဆီသတ်ပါ။ အနည်းငယ် ထည့်ပါ။ ကျက်လျှင် ငါးသင်ထားတာ ထည့်ပါ။ ပုစွန်ငံပြာရည်၊ အချိုမှုန့်ထည့်ပါ။ငရုတ်သီးစိမ်း လိုသလောက် ထောင်း ထည့်ပါ။ ရေအနည်းငယ် ထည့်ပြီး ကြော်ပါ။ ဒါဆို အသုပ်အတွက် ငါးဟင်း ကျက်ပါပြီ။

မုန့်တီသုပ်
======
မုန့်ဖက်ထည့်ပြီး ငါးဆီသတ်ပါ။
ကြက်သွန်ဖြူ ဆီချက်၊ ပုဇွန်ငံပြာရည် ၊ အချိုမှုန့် ၊ ပဲသီး ကြိုက်ရင်ထည့်ပါ။
ဗမာနံနံ ၊ သံပုရာသီး ထည့်ပါ။ သုံးဆောင်နိုင်ပါပြီ။

Credit : Facebook Shares

Ingredients

Directions