ရှမ်းအစားအစာအစစ် ရှမ်းလက်ရာအစစ်ကို စားဖို့အတွက်ရှမ်းပြည်ထိသွားစရာ မလိုတော့ဘူူးနော်။ တာမွှေကအချစ်ရွာလေးမှာ ရှမ်းစာစစ်စစ်တွေရနေပါပြီ။
အချစ်ရွာဆိုင်လေးကို ဝင်လိုက်တာနဲ့ ထူးခြားချက်ကတော့ ရှမ်းပြည်ကိုရောက်သွားသလို ခံစားချက်မျိုးကို ရရှိနိုင်မဲ့ဆိုင်အပြင်အဆင်လေးကို ရနိုင်မှာနော်။ ရှမ်းအရသာစစ်စစ် တွေထဲမှာမှ စားလို့အကောင်းဆုံး နဲ့ရောင်းအားအကောင်းဆုံးဟင်းလျှာတွေကတော့ ရှမ်းမုန့်တီထောင်း၊မှိုအစုံပေါင်း၊ မှိုချဉ်စက်၊ရှမ်းထမင်းထောင်းတို့ပဲ ဖြစ်ပါတယ်။ သူငယ်ချင်းတွေစုပြီး ဟော့ပေါ့စားချင်တယ်ဆိုရင်တော့ ကြက်ချဉ်စပ်ဟော့ပေါ့၊ပုဇွန်ချဉ်စပ်ဟော့ပေါ့နဲ့ ငါးခူချဉ်စပ်ဟော့ပေါ့ စတဲ့ ၃ယောက်စာ ဝဝစားနိုင်မဲ့ hot pot set လေးတွေလဲ ရှိသေးတယ်နော်။
ဒီဆိုင်ကဟင်းလျှာတွေမှာ ဟင်းအနှစ် အချဉ်စတာတွေကို ကြိုပြင်စင်ပြီး လုပ်ထားတာမျိုးမဟုတ်ပဲ စားသုံးသူတွေလာမှ တစ်ပွဲစီ လတ်လတ်ဆက်ဆက်ချက်ပေးတာလဲ ဖြစ်ပါတယ်ရှင့် ရှမ်းရိုးရာခေါင်ရည်လဲရနိုင်သလို အချစ်ရွာရဲ့နှပ်ကော်ဖီကလည်းလျှာလည်သွားစေရမဲ့နော်။ရှမ်းရိုးရာ အရသာစစ်စစ်ကိုခံစားရင်း ရှမ်းပြည်ရောက်သွားချင်တယ်ဆိုရင်တော့ တာမွှေက အချစ်ရွာလေးကိုသတိရလိုက်နော်။
ဆိုင်ဖွင့်ချိန် – မနက် ၈နာရီ မှ ည၉နာရီ
ရောင်းအားအကောင်းဆုံး – ရှမ်းမုန့်တီထောင်း၊မှိုအစုံပေါင်း၊မှိုချဉ်စက်၊ရှမ်းခေါက်ဆွဲ
Meals – မနက်စာ၊နေ့လည်စာ၊ညစာ
Feature – ကြက်ချဉ်စပ်ဟော့ပေါ့ ၊ပုဇွန်ချဉ်စပ်ဟော့ပေါ့၊ငါးခူချဉ်စပ်ဟော့ပေါ့
ဈေးနှုန်း -၁၀၀၀ မှ ၈၀၀၀
ဆိုင်လိပ်စာ – အမှတ်(၄၄), ဓမ္မဝိဟာရလမ်း၊ကျားကွပ်သစ်ရပ်ကွပ်၊တာမွှေမြို့နယ်၊ရန်ကုန်မြို့
ဖုန်း – ၀၉ ၉၇၈ ၇၁၁ ၉၅၅ ၊ ၀၉ ၆၈၇ ၅၄၀ ၇၁၂ ၊ ၀၉ ၉၆၄ ၄၄၃ ၄၁၂
No Records Found
Sorry, no records were found. Please adjust your search criteria and try again.
Google Map Not Loaded
Sorry, unable to load Google Maps API.