ဂွေးသီးငါးပိချက်

1

ဂွေးသီးနုနု.................၂ဝလုံးခန့်

ကြက်သွန်နီ................၃လုံး

ကြက်သွန်ဖြူ................ ၇တက်

ငရုတ်သီးခွဲကြမ်း...........၂ဇွန်း

ပုစွန်ခြောက်.................၂ဇွန်း

ငါးပိ............................၁ဇွန်း

ပထမဆုံးဂွေးသီးနုနုတွေကိုခပ်နုပ်နုပ်လေးလှီးပြီးဆားနှင့်နယ်ပြီးနှပ်ထားပါ။

ကြက်သွန်နီကိုပါးပါးလှီးပြီးကြက်သွန်ဖြူ ကို ညှက်နေအောင်ထောင်းပါ။

ပုစွန်ခြောက်ကိုညှက်နေအောင်ကြိတ်ပါ။

ငရုတ်သီခြောက်တောင့်ကိုခွဲကြမ်းဖတ်များရ အောင်ကြိတ်ပါ။

ဆားနယ်ထားသောဂွေးသီးတွေကိုရေဆေးပြီးရေစင်အောင်ညှစ်ထုတ်ထားပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပါ။

ဆီပူလာလျှင်ကြက်သွန်နီ၊ဖြူ တွေကိုနနွင်းမှုန့်၊ အရောင်တင်မှုန့်အနည်းငယ်နှင့်အတူဆီသတ်ပါ။

မွှေးလာလျှင်ငါးပိထည့်ပြီးမွလာအောင်ဆီ သတ်ပါ။ပုစွန်ခြောက်မှုန့်တွေထည့်ပေါင်းပါ။

ငရုတ်သီးခွဲကြမ်းဖတ်တွေထည့်ပြီးစိမ်းနံ့ ပျောက်သည်အထိကြော်ပေးပါ။

ရေစစ်ထားတဲ့ဂွေးသီးများထည့်ပါ။

ငါးငံပြာရည်၊သကြား၊ဟင်းခတ်မှုန့်တို့ကိုအချိုးညီအောင်အရသာဖြည့်စွက်ပြီးရေခမ်း၊ဆီပြန်သည်အထိလှိမ့်နေအောင်ကြော်ပေးပါ။

Photo Credit...Mee Mee Yu

Credit : Facebook Shares

Ingredients

Directions