ငါးကြင်းခုတ်သားဆားနယ်ချက်

1

ဒီဟင်းပွဲကိုမချက်ခင်(၂)ရက်လောက်အလိုမှာ ဝယ်ပြီးဆားများများနယ်ကာအိတ်အထပ်ထပ် ထုပ်ပြီးလေးတဲ့အရာတစ်ခုဖိထားပေးရပါမယ်။

ငါးကြင်းခုတ်သား............၂၅ကျပ်သား

ကြက်သွန်နီ.. .................၁လုံး

ခရမ်းချဉ်သီးမှည့်မှည့်........၅လုံး

ကြက်သွန်ဖြူ.. ................၇တက်

ငရုတ်သီးခွဲကြမ်း.. ...........၁ဇွန်း

နံနံပင်.. ........................အနည်းငယ်

ဈေးကနေ၁လက်မအရွယ်တုံးခိုင်းပြီးဝယ်လာတဲ့ငါးတွေကိုရေစင်အောင်ဆေးပြီးစစ်ထားပါ။

ရေစစ်သွားလျှင်ဆားများများထည့်နယ်ပြီးသိပ်ပေးထားပါ။

ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ကိုရောပြီးထောင်းပါ။

ခရမ်းချဉ်သီးကိုပါးပါးလှီးပါ။

ငရုတ်သီးခွဲကြမ်း ဖတ်ရအောင်ကြိတ်ပါ(သို့)ထောင်းပါ။

ဒယ်အိုးတစ်လုံးရဲ့အောက်ခြေမှာငရုတ်သီးကြမ်းဖတ်ကိုဦးစွာထားပြီးထောင်းထားသောကြက်သွန်အရောထည့်ပါ။

ဆား၊ဟင်းခတ်မှုန့်၊နနွင်းမှုန့်အနည်းငယ်နှင့်အရောင်တင်မှုန့်အနည်းငယ်ထည့်ပါ။အပေါ်ဆုံးကနေခရမ်းချဉ်သီးများဖြင့်ဖုံးအုပ်ပါ။

ဆီအနည်းငယ်လေးကိုပတ်လည်လောင်းထည့်ပြီးမီးရှိန်အေးအေးမှာအဖုံးပိတ်ပြီးချက်ပါ။

ရေမခမ်း၊ဆီမပြန်သေးပဲအဖုံးမဖွင့်ရ၊မမွှေရ။

ရေခမ်း၊ဆီပြန်ပြီးအနှစ်ကျလာပြီဆိုမှအဖုံးဖွင့်ပြီးမွှေပေးပါ။ရေအနည်းငယ်လေးဝေ့ဝိုက်ပြီးထည့်ပါ။

ဆူလာလျှင်ဆားနယ်ထားတဲ့ငါးတွေကိုရေတစ်ကြိမ်ဆေးပြီးမှထည့်ပါ။

အဖုံးပြန်ပိတ်ထားပါ။ငါးအသားတွေနှုးပြီဆိုမှဖြေး ညင်းစွာမွှေပေးပါ။ ပင်စိမ်းလေးအုပ်ထည့်ပြီးအဖုံး ပြန်ဖုံးထားပါ။

မှတ်ချက်။ ဒီချက်နည်းအတွက်မီးရှိန်အေးရပါမယ်။စိတ်ရှည်ရပါမယ်။မီးရှိန်များများနှင့်ချက်ရင်ဟင်းအနှစ်တွေကနှောက်နေပြီးစားချင်ဖွယ်မဖြစ်တော့ပါဘူး။

Credit : Facebook Shares

Ingredients

Directions