ဆိတ်သားအာလူးနှပ်

1

ဆိတ်သား....................၂၅ကျပ်သား

အာလူးကြီးကြီး..............၂လုံး

ကြက်သွန်နီ...................၃လုံး

ချင်း............................၁တက်

ကြက်သွန်ဖြူ..................၃တက်

ကရဝေးရွက်..................၃ရွက်

ဒိန်ချဉ်..........................၂ဇွန်း

ဆိတ်သားမဆလာ............၁ဇွန်း

ဆိတ်သားကို၁လက်မအရွယ်အတုံးလေးများတုံးပြီးရေဆေးပါ။

နောက်ဆုံးအကြိမ်ဆေးချိန်မှာဗီနီဂါ အရည်လေးအနည်းငယ်ထည့်ပြီးဆေးပေးပါ။

ရေစင်အောင်ရေစစ်ထားပေးပါ။

အာလူးကိုအခွံခွာပြီး၁လက်မအရွယ်အတုံးငယ်များတုံးပါ။

ချင်း၊ကြက်သွန်ဖြူ ကိုညှက်နေအောင်ထောင်းပါ။

ကြက်သွန်နီကိုပါးပါးလှီးထားပါ။

ရေစစ်ထားတဲ့ဆိတ်သားထဲသို့ ရောထောင်းထား သောချင်းအရည်၊ဒိန်ချဉ်၊ မဆလာ၊ နနွင်းမှုန့်၊ငရုတ်စိမ်းမှုန့်၊ဆား၊ဟင်းခတ်မှုန့်တို့ထည့်ပြီးရောနယ်ကာ အနည်းဆုံးနာရီဝက်ခန့်နှပ်ထားပေးပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီး အာလူးတွေကိုအပေါ်ယံတင်းအောင်ကြော်ပြီးဆီစစ်ထားပါ။

လက်ကျန်ဆီမှာကရဝေးရွက်တွေထည့်ပြီးဆီ သတ်ပါ။

အနည်းငယ်မွှေးလာလျှင်ကြက်သွန်နီတွေထည့်ပြီးဆီသတ်ပါ။

ရွှေရောင်သန်းစပြုလာတာနဲ့ဆိတ်သားနှပ်မယ့်အိုးထဲသို့အားလုံးလောင်းထည့်ပါ။

မီးရှိန်အေးအေးမှာရေခမ်း၊ ဆီပြန်သည်အထိနှပ်ပါ။

နူးဖို့လိုအပ်သည်အထိရေကို အနည်းငယ်ချင်း နှစ်ကြိမ်မှသုံးကြိမ်အထိဖြည့်စွက်ပြီးရေခမ်း၊ဆီပြန်သည်အထိနှပ်ပါ။

နောက်ဆုံးအကြိမ်ရေထည့်ချိန်မှကြော်ထားတဲ့အာလူးတွေထည့်ပြီးရေခမ်း၊ဆီပြန်အောင်နှပ်ပါ။

Credit : Facebook Shares

Ingredients

Directions